Snow Effect

Tuesday, December 11, 2012

ခဏတာ

လူဖြစ်ရတဲ့ .. ဒီဘဝ ဝယ်

ချစ်ခြင်း ၊ မုန်းခြင်း ၊ ဝေးခြင်း ၊ နီးခြင်း

မနာလိုခြင်း .. ဝန်တိုခြင်း ..

ခံစားသက်ဝင် ... ထိုဖြစ်အင်ရယ်

ပျော့ညံ့စိတ်တွင်း ပူးဝင်ကပ်လျှက်

နဂိုမူလ စိတ်ကောင်းတွေပင်

လွင့်စင်ပပျောက် .. စိတ်၏စေရာ

ရုပ်က ပါလျှက်ကပ်ငြိတွယ်ငင်

အစိုးမရ စိတ်ဆန္ဒနှင့် ထပ်တူကျစွာ

တုံ့ ပြန်မေတ္တာ ညစ်နွမ်းနွမ်း ကို

ကိုယ်လဲမကြိုက် မနှစ်သက်ဘဲ

စိတ်ကမပါ .. လက်စားခြေမှု့ တစ်ခုအတွက် နဲ့ 

ခြေပ တုန့် ပြန့်  .. နိမ်ကျလှတဲ့ စိတ်ဆန္ဒရယ်

အလည်ခဏ ရောက်လာ ဘဝ တွင်

အမုန်းရန်ငြိုး ရှေ့ ဆက်ပျိုးသော်

နောင်သော .. ဘဝ ပြန်ဆုံကြရင်

အဘယ် မျက်နှာ .. အဘယ်အပြုံး နဲ့ 

တွေ့ ကြ .. ဆုံကြ ၊ နှုတ်ဆက်ကြမည်နည်း ။။။။။။။

4 comments:

mstint said...

အမှန်အကန်စကားလုံးလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ ကဗျာလေး အားပေးသွားတယ် ချိုရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

cho cho chit said...

ချို့  ကိုအမြဲအားပေးတတ်တဲ့ တီတင့် ရေ .. ကျေးဇူးအထူးတင်ပါတယ်ရှင်

ချစ်တဲ့ .... ချို

အိပ်မက်ကောင်းကင် said...

အဓိပ္ပာယ်အရမ်းရှိတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ
ပျော်ရွှင်နိုင်ပါစေနော်

စံပယ်ချို said...

ချစ်ရေ---------အချစ်တွေနဲ့ ပေါင်းသင်းကြမယ်
အပြုံးတွေမဆုံးအောင် ရင်ထဲထာဝရ သိမ်းထားကြမယ်
ကမ္ဘာမြေအေးချမ်းပါစေ
ဘုရားသခင်အရိပ် လူသားအားလုံးပေါ်ကြရောက်ပါစေ
ဒါနဲ့ ဘလော့ဖက်မှာမတွေ့ပြန်ဘူးနော် ဖဘ ပေါ်မှာပဲလား
ခုမှ ပြန်တွေ့ရတယ်......