Snow Effect

Friday, August 31, 2012

လိုချင်တာ ....

မင်း ပေးခဲ့တဲ့ ဒဏ်ရာတွေ

သက်သာရာ ရဖို့  ...

ကုစားလို့ ရမဲ့ ဆေးလိုတယ်

မင်း နေရာ အစားထိုး

ဖြေသိမ့်ရမယ့် ဖြေဆေး

ငါ ... မလိုချင်ဘူး

မင်း ကို တမ်းတတာတွေ

ပြေစေဖို့ အတွက် ပြေဆေး

ငါ .. မလိုအပ်ဘူး

လိုချင်တာ .. လိုအပ်တာ

တစ်ခုထဲပါ ချစ်သူ

မင်း .. ထားခဲ့တဲ့ နေရာလေးမှာ

ဖြေလို့  မပြေ နိုင်တဲ့

အလွမ်းတွေ ခံစားချက်တွေ နဲ့ 

မင်း ... ပြန်လာမဲ့အချိန်

နေရာဟောင်းလေးကနေ

 နေ့ စဉ်ရက်ဆက်.....

မျှော်လင့်ကာ စောင့်ကြိုရင်း

တသက်တာမခွဲအတူ

ချစ်ခြင်တယ် .. ချစ်သူ ရယ် ။။။။








Tuesday, August 28, 2012

ရင်ခွင်တံခါး


နေ့ သစ် ရဲ့ အလင်းရောင် ကို ရမှ

ပွင့်လန်း ရမဲ့ပန်းပွင့်လေးတွေလို

လွမ်းလို့  နွမ်းနေတဲ့

ငါ့ ... နှလုံးသားလေးကို

နင့်... ချစ်မေတ္တာတွေ နဲ့ 

ထွေးပွေးလိုက်စမ်းပါ

နွမ်းလျှနေတဲ့ အသဲ

ပေးလာမဲ့ ချစ်ခြင်းမေတ္တာတွေ နဲ့ 

လန်းဆန်းစွာပွင့်လန်းဖို့ 

ရင်ခွင် တံခါး ဖွင့်ထားလို့ 

မျှော်နေတာ ။။။။။

ဆူး နဲ့ လား ....

ဆူး နဲ့  နှင်းဆီ
လှလိုက်တဲ့ နှင်းဆီးရယ်..

အနားကိုတိုးကာကပ်

ခူးမယ်လို့  သူ စိတ်ကူး နဲ့ 

လှမ်းကာလေခြွေကာခူး

အဆိပ်ပြင်းတဲ့ နှင်းဆီဆူး

ခြွေကာခူးတဲ့လက်အစုံဝယ်

သွေးတွေရယ် နီကာရဲလို့ 

ဆူး စူးခဲ့တယ် ...

လှပမှူ့ သာ သူ ကသိ

ဆူး ဆိပ်ပြင်းတာ သူ မသိရှာဘူး

ခုတော့ဖြင့် ... ဒဏ်ရာ ရမှ

နှင်းဆီ ဆိုတာ ဆူး နဲ့ လားတဲ့ ။။။








Tuesday, August 21, 2012

ဘဝတွေ .. ဘဝတွေ

မနက်စောစော လမ်းလျှောက်ထွက် ရင်း တွေ့ ခဲ့ရတာလေးပါ ။။
၉နှစ် ၁၀နှစ်အရွယ်ကောင်မလေး လက်တစ်ဖက် မှာ စပါးတွဲလေးကိုင် ၂နှစ် ၃နှစ်အရွယ်ကလေးလေးကိုခါးစောင်းချည် ဘေးက ၄..၅ နှစါအရွယ်ကလေးလေး ကပါသေးတယ်...
မမကြီး ရယ် .. စပါးတွဲလေး ဝယ်ပါလားတဲ့..
လမ်းလျှောက်ထွက်ရင်းမုန့် ဝယ်ထွက်လာတဲ့ စိတ်ထဲ နင့်သွားတယ်
နောက်..ထပ်ပြောလာတဲ့စကား က သမီးတို့ မောင်နှမတွေ ဗိုက်ဆာလို့ ပါ မမကြီးရယ်တဲ့...
မမ .. စပါးတွဲတော့ မလိုချင်ဘူးကွယ်.. သမီးတို့  မုန့် စားချင်ရင် မမ ကြွေးမယ်ဆိုတော့ .. သမီးတို့ ကိုပိုက်ဆံဘဲပေးပါတဲ့ လေ ...
မုန့် ဟင်းခါးဆိုင်ရှေ့ ရောက်နေလို့ မုန့် ဟင်းခါးကြွေးမလို့ လုပ်နေတဲ့ စိတ်တွေ.. မုန့်ဟင်းခါး ရောင်းတဲ့ အမ က လှမ်းပြောတယ်
အဲ့ဒီခလေးတွေ ..ဒီလိုဘဲလုပ်စားနေတာ စပါးတွဲ မဝယ်နဲ့ တဲ့...
ကလေးတွေ ... ဒီအရွယ် စားသင်ရမဲ့ အရွယ် မိဘရင်ခွင်ထဲ နေရမဲ့ အရွယ်လေးတွေ..
ဘာကြောင့်လဲ ..ဘယ်သူ့ ကြောင့်လဲ ..
မိဘက သင်ပေးရက် နဲ့  သားသမီးကဘဲ မလုပ်နိုင်တာလား.. သားသမီး က လုပ်ချင်ရက် နဲ့  မိဘ က လုပ်မပေးနိုင်တာလား..
တကယ်ဆိုရင်တော့ ... မွေးပြီးရင် အရွယ်ရောက်သည်ထိ မိဘ မှာ တာဝန်ရှိကြတယ်လို့ ထင်ပါရဲ့ ..ခုတော့လဲ ...
ဒီကလေးတွေ ရဲ့  ဘဝ ... ဒီအရွယ်လေးတွေ နဲ့  လမ်းဘေး ရောက်နေခဲရပြီလေ...
ဆရာဘဘဦးသုခ ပြောတဲ့ကြားဘူးတဲ့ စကားလေးပါ...
မိဘ နဲ့  သားသမီးကြား တာဝန်ကိုယ်စီရှိကြသည် တဲ့ ။။။

မနက်စောစောတွေ့ လိုက်ရတဲ့ မြင်ကွင်းလေး က ရင်ထဲ ခံစားလိုက်ရတယ် ။။။

Saturday, August 18, 2012

ကြိုး

ကြိုးတော့ ကြိုး ..

သန့် ရှင်းတယ် ဖြူစင်တယ်

ချည်သထက်ချည်ရင်

မြဲမြန်ခိုင်ခံတယ်

အထပ်ထပ်ချည်နှောင်မိပြီ ဆိုရင်တော့ ......

ဘာကြိုး နဲ့ မှမတူတဲ့.....

ဖြတ်ရခက် တဲ့ ...

သံယောဇဉ် ဆိုတဲ့ .... ကြိုး ။။။။။။။

Tuesday, August 14, 2012

ချစ်သူ့ စကား ..

မင်း ...

ငါ့ အသံလေးကြားချင်တယ်ဆို

မင်း ...

ဖုန်း က Ring Tone ငါ့အသံလေး
နားထောင်လိုက်ပါ..

မင်း ..

ငါ့ကိုတမ်းတတယ်ဆို

မင်း ...

ခေါင်းအုံးဘေး က ငါ့ အကျီဟောင်းလေးကို

ဖက်တွယ်ထားလိုက်ပါ...

မင်း ...

ငါ့ကိုမြင်ချင်တယ်ဆို

မင်း ...

မျက်ဝန်းအိမ်ထဲက ငါ့ ပုံရိပ်လေးတွေကို

မျက်လွှာလေး ပိတ်လို့ ...

ပုံဖေါ်ကြည့်ရင် မြင်ပါလိမ့်မယ်....

ချစ်သူ ရယ် ။။။။။။

Monday, August 6, 2012

စိက်ကူး နဲ့ ထပ်တူ


အလွမ်း ၊ အဆွေ မျက်ရည်တွေ နဲ့ 

ငါ … ခံစားပျော်ဝင်ခဲ့ဘူးတယ် ။။။။

နီးနေစဉ် အချိန် ကလဲ

အပြုံး ၊ အပျော် ကြည်နူးမှူ့ တွေ နဲ့ 

ငါ … ခံစားရင်ခုန်ခဲ့ဘူးတယ် ။။။။

တကယ်တန်းတော့...

အကွာ အဝေး ဆိုတာ

သတ်မှတ်ချက်တစ်ခုဘဲ …. ချစ်သူ

ငါ့ .. အတွက် အခုတော့ …

နီးနေတဲ့အချိန်လေး ..

နင့် လိုအပ်ချက်တွေ ငါ က ဖြည့်လို့ 

ငါ့ လိုအပ်ချက်တွေ နင်းဖြည့်ပေးရင်း

နေတတ်လာခဲ့တယ် ။။။

ငါ့ .. စိတ်ကူးတွေ နဲ့  အတူ

အတွေးထဲ နင် .. အနားရောက်လာတယ်လို့ 

တွေးလိုက်ရင် …

အတွေးထဲ နင် နဲ့ ပျော်လိုက်ရတာလို့ 

တွေးလိုက်ရင်

နင် .. ငါ့အနားကနေ

ဘယ်တော့မှ…ပျောက်မသွား .. ဝေးမသွားတော့ဘူး … ချစ်သူ