Snow Effect

Wednesday, January 9, 2013

ဘဝမခြားပါ

အဖေ .... ဆီးချို ဆိုတဲ့ ရောဂါကြီးဖြစ်တော့ ..

အနာတရတွေရမှာဆိုးတာကြောင့် ဘာမှမလုပ်ခိုင်းခဲ့ဘူး

အဖေ့ ဝေရာဝစ္စ ခေါင်းမှခြေအဆုံး ကျနော် လုပ်ပေးခဲ့တယ်

တကယ်တန်းတော့ ဆီချိုရောဂါရှိပေမဲ့ အဖေ ဟာ အရမ်းဝလွန်းပါတယ်

အရမ်းဝတဲ့ အဖေ ကို ရေချိုးပေးရင်လဲ အရမ်းပင်ပန်းတယ်.. ဆေးခန်းသွားပို့ လဲ

အဖေ့ ကိုတွဲရတာအလွန်မောပန်းပါတယ် .. ဒါပေမဲ့ .. မငြီးငွေ့ မငြူစူခဲ့ဘူးပါဘူး

အဖေ ကိုပြုစုလုပ်ပေးနေရတာကျေနပ်နေခဲ့တယ်ပေါ့ ..

မိဘ ကိုပြုစာခဲ့တဲ့ရလာတ်ကတော့ အခုအချိန်မှာ .. ကျနော့ဘဝ အရာရာပြည့်စုံပါတယ်

သို့ သော် .....

ဆီချို ရောဂါအပြင်းအထန် ခံစားနေရတဲ့ အဖေ့ ကို ထမင်းစားတိုင်း

မတည့်တဲ့အစားအစာတွေ စားရင် .. လက်ကို အတင်းလိုက်ဆွဲ

လက်ထဲပါသွားတဲ့ သရက်သီးဆိုရင် .. လုပြီးလွှင့်ပြစ်ခဲ့တဲ့

အဖေ ... အဝါရောင်ရှိသောအသီး မစားရဘူး.. ထမင်းအချင့်အချိန်နဲ့ စားရမယ်

ကော်ဖီ မိုင်လို သကြားလုံးဝမထည့်ရဘူး.. သောက်ချင်ရင် ဆီးချိုသကြားနဲ့ သောက်

မုန့် စားရင်အချိုမပါတာစားရမယ် ... အဲ့လိုစည်းကမ်းချက်တွေ နဲ့ အဖေ့ ကို

ထားခဲ့တဲ့ ကျနော် .. အခုတော့ ..လေးဘက်နာနဲ့  ကလီစာတွေမတည့်ဘူး

သွိုင်းရွက် နဲ့ ဆီတွေ ဆားတွေမှားလို့ မရ စားလို့ မရဖြစ်ခဲ့ရတယ်

အဖေ့ ကို တားဆီးပိတ်ပင်ခဲ့သမျှတွေ ကျနော် ဘဝမခြားဘူး အဖေ

ကျနော် ဝဍ်တွေလည်နေပြီ .... နောက်ဘဝတောင်မကူးဘူး အဖေ ။။

12 comments:

Tuumar said...

ချိုရယ် ဒီလိုဘဲဖြစ်တတ်ကြပါတယ်
ကိုယ်က အဖေ့အပေါ်ထားခဲ့တဲ့စေတနာပါ
အဲဒီစေတနာလေးက ကိုယ့်အတွက်ပြန်ရရှိလာအုံးမှာပါ

အိပ်မက်ကောင်းကင် said...

မိဘရှိစဉ်က ပြုစုလုပ်ကျွေးရတာ မမ ကံကောင်းလှပါပြီ
ဝဋ်လည်တာလည်း မဟုတ်ဘူးထင်တယ် ^_^
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

cho cho chit said...

ဟုတ်ကဲ့ပါ မမမာ ..အားပေးတာကျေးဇူးတင်ပါတယ်နော်

cho cho chit said...
This comment has been removed by the author.
cho cho chit said...

ကျေးဇူးပါ မောင်လေး ရေ

cho cho chit said...
This comment has been removed by the author.
စံပယ်ချို said...

မိဘကိုပြုစုခွင့်ရတာပဲ ကံကောင်းလှပါတယ်
ဂျက်မေမေလဲခုဆီးချိုဖြစ်နေတာ ပြုစုခွင့်မရဘူးလေ
ဝဋ်လည်တာလို့လဲပြောမရဘူးလေ
စိတ်အားမငယ်ပါနဲ့နော်

Aunty Tint said...

ဆီးချိုသွေးချိုသမားက အချိုကို လွန်လွန်ကဲကဲကြိုက်တတ်ကြတယ် ချိုရေ။ ရောဂါကို ကာကွယ်ပေးတဲ့ အပြုသဘောနဲ့လုပ်ခဲ့တာပဲလေ ဒါဝဋ်လည်တာမဟုတ်ပါဘူးချိုရဲ့ မိဘအပေါ်သိနားလည်တဲ့ သမီးတစ်ယောက်အနေနဲ့ ပစ်မထားပဲပြုစုတယ်လို့ ယူဆလိုက်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

cho cho chit said...

မစံပယ် ရေ ..
ကျေးဇူးတင်ပါတယ်နော်..

cho cho chit said...

တီတင့်ရေ ..

တစ်ခါတရံတော့လဲ အရမ်းခံစားရပါတယ်.. အားပေးတာကျေးဇူးပါနော်

cho cho chit said...
This comment has been removed by the author.
လွင်ပြင်လှိုင်းငယ် said...

စေတနာနဲ့ တားဆီးခဲ့တာမို့ အပြစ်မဟုတ်သလို
ဒါဟာဝဋ်လဲမဟုတ်ပါဘူး