Snow Effect

Sunday, September 23, 2012

သူ့  အတွက် သာ

အချစ် ဆိုတာ ပေးဆပ်မှူ့ လို့ 
         ဆိုရင် ....
ငါပေးဆပ်မှူ့ တိုင်း သူ့ အတွက်

အချစ် ဟာ ကြိုး တစ်ချောင်းလို့ 
         ဆိုရင် ....
ငါ့ ကိုယ်မှာ ရစ်ပတ်ချည်နှောင်မှူ့ တိုင်း သူ့ အတွက်

အချစ်ဆိုတာ နွေးထွေမှူ့ လို့ 
         ဆိုရင် ....
ငါ့ ရင်ပူနွေး မှူ့ တိုင်း သူ့  အတွက်

အချစ်ဆိုတာ သာယာအေးချမ်းမှူ့ လို့ 
         ဆိုရင် ...
ငါ့ ပျော်ရွှင်မှူ့ တိုင်း သူ့ အတွက်

အချစ်ဆိုတာ ခံနိုင်ရည်အင်အားတစ်ခု
         ဆိုရင် ..
ငါတွေ့ ကြုံသမျှတွေဖြေရှင်းလိုက်နိုင်တာ သူ့ အတွက်

တကယ်တမ်းတော့ အချစ် ဆိုတာ

ခံစားနားလည် ပေးဆပ်ရယူ 

ညီတူညီမျှရှိနေသမျှတော့

သာယာသောလမ်း ....

 အေးချမ်းသော အရိပ်..

နွေးထွေးသောမေတ္တာ ..

အစဉ်ထာဝရ ပိုင်ဆိုင်နိုင်မှာ

မလွဲဘူး .. သေခြာ

ရယူ ပေးဆပ်ရင်း နဲ့ 

အစဉ်ထာဝရ ......

ပျော်နေအုံးမယ် ... မင်း ရဲ့ ရင်ခွင် ကမ္ဘာ  ။။။။။။





8 comments:

စံပယ်ချို said...

တကယ်တော့ အချစ်ဆိုတာ ဘာမှမဟုတ်သလိုလိုနဲ့
အရာရာကို သူက ဖန်ဆင်းနိုင်တာပါပဲနော်
အင်အားတွေ နွေးထွေးမှုတွေ ၀မ်းသားခြင်း
ဝမ်းနဲခြင်းတွေ အားလုံးကိုပေါ့
ခင်မင်တဲ့ jasmine

cho cho chit said...

အမြဲတမ်း အားပေးတတ်တဲ့ မစံပယ်ချို ရေ .. ကျေးဇူးပါနော်

အိပ်မက်ကောင်းကင် said...

နူးညံ့တဲ့ ကဗျာလေးတစ်ပုဒ်ပါပဲလား
သူ့အတွက်အဲလောက်ထိတောင်ပဲလားး
သူသိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ကဗျာအရေးအသားလေးတွေကလည်း အတုယူစရာလေးပဲနော်
အားပေးသွားပါတယ်
ခင်တဲ့(အိမ်မက်ကောင်းကင်)

အိပ်မက်ကောင်းကင် said...

ကဗျာလေးကို ဖော်ညွန်းထားတာလေးက ကောင်းလိုက်တာ
ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားရင်း သူသိပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

mstint said...

အချစ်ကို နားလည် ယုံကြည် ပေးဆပ်တတ်ဖို့ပဲ လိုတယ် ချိုချိုရေ။ ကဗျာလေးအားပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

cho cho chit said...

အားပေးတာ ကျေးဇူးပါ တီတင့် ရေ ။။။

Thamee Su said...

ချိုရေ စုလာလည်တယ် ချို့ကော်မန့်လေးစုဆီရေးထားတာ spam ထဲရောက်လို့ ပြန်ယူထားတယ် အချစ်ကိုခံစားသွားတယ်ချိုး)

cho cho chit said...

စု ရေ ..

အလည်တစ်ခေါက် အရောက်လာလို့ ကျေးဇူးတင်ပါတယ် .. ခံစားပေးလို့ လဲ ကျေးဇူးတင်တယ်နော် စု ။။။