Snow Effect

Saturday, July 28, 2012

ကိုယ့် ကံ..သူ့ ဒဏ်..

ကိုယ်ပေးလိုက်တာ ... အဖြူသက်သက်


သူ့ ဆီကပြန်ရတာ .. ဖြူလား..မည်းလား


ကိုယ်ပြု တဲ့ ကံ .. ကိုယ့်ဆီပြန်


သူလုပ် တဲ့ ဒဏ် .. သူသာ ခံ ။။။

ရင်ခုန်သံချိုချို: Links

Wednesday, July 25, 2012

blogger ရောက် ..

ဟို.. မရောက်

ဒီ ... မရောက် .. ချိုချို တစ်ယောက်

ဘလော်ဂါ ထဲရောက်..

အလည်ရောက်လာ ချစ်မိတ်ဆွေ

ခြေရာလေးတော့ ချန်ခဲ့လေ

စိတ်သဘောထားတွေ

တိုက်ဆိုင်တော့ .. မိတ်ဆွေဖြစ်တာပေါ့ ။။

Friday, July 20, 2012

အရိပ်

အနွေးထွေးဆုံး ရင်ခွင် ..
 

အေးမြမှူ့ တွေ အပြည့် ပေးတဲ့  မင်းအရိပ်..
 

နားလည်မှူ့ ရှိတဲ့ မင်းမျက်ဝန်း...
 

သီးခံခွင့်လွှတ်တတ်တဲ့ မင်းစိတ်ထား..
 

အဲ့ဒါတွေ ရှိတဲ့ မင်း ကမ္ဘာထဲက

ခဏ..ခဏ ပြေးထွက် ခဲ့တဲ့ ငါ....
 

ကောင်းပါတယ် ဆိုတဲ့ သူတွေ ဟာ...
 

မင်းလောက် မကောင်းကြဘူး ...
 

နောင်.... မင်း ရင်ခွင် ကို ပြစ်လို့  ...
 

ဘယ်တော့ မှ ထွက်မသွားတော့ဘူး.. ချစ်သူ ။။။။

Thursday, July 19, 2012

သံသယစိတ်

သူ့ နံမည် က နွယ်နီ ....
ဆရာဝန်မလောင်းလေးပေါ့ ။။ သူ က အသားဖြူဖြူ ဆံနွယ်လိပ်ကလေးတွေ နဲ့  မျက်လုံးမျက်ခုံး ကောင်းကောင်း တော်တော်လေး လဲ ချောတယ်...လှတယ်..
သူ က တစ်ဦးတည်းသော သမီးလေးပါဘဲ..စာကလဲအရမ်းတော်တယ်....
သူ့ မှာ အားကိုးစရာ အမေ တစ်ယောက်ထဲရှိပေမဲ့ အမေ က အရမ်းအတ္တကြီး တတ်တဲ့စိတ်ရှိတာကြောင့် .. ဝမ်းကွဲတော်တဲ့ ဦးလေး ကို အဖေ လို ဦးလေး လိုချစ်ရှာတယ်.. ဝမ်းကွဲညီမလေးတွေ ကို ညီအမအရင်းတွေလိုဘဲချစ်တယ်ပေါ့..
သူ ပျော်တာ သူ့  အိမ်မှာ သူမပျော်ဘဲ အဖေ လိုချစ်တဲ့ ဦးလေးအိမ်မှာ သူနေပျော်ခဲ့တယ်..
သူ နေတာက ကန်တော်လေး မှာတေတာ.. ဦးလေး က ကျောက်မြောင်းမှာနေကြတာဆိုတော့ အရေးအကြောင်းရယ်ဆို သူ ဦးလေးဆီ အပြေးရောက်လာတတ်တယ်..
ဒီလိုနဲ့ နေလာရင်း....ဆေးတက္ကသိုလ် Final part 2 ရောက်တဲ့ အချိန်မှာတော့ ...
ခဏ..ခဏ သူနေတဲ့ ကန်တော်လေး ကနေ ခြေကျင်လျှောက်လာပြီး ဦးလေး ဖြစ်သူ ကိုလာလာ တိုင်တယ်.. သူ့ အမေ က သူ့  ကို ထမင်းကျွေးရင် အဆိပ်တွေထည့်ကျွေးတယ်..
သူ အောက်ထပ်မှာ စာကျက်နေရင် အပေါ်ထပ်ကြမ်းပြင်ကနေ အဆိပ်တွေလောင်းချတယ် လို့  ငို ပြီး ဦးလေးဖြစ်သူ ကို မကြာ မကြာပြေးလာပြီးတိုင်တယ်..
အဲ့လို နဲ့  နေလာလိုက်တာ မစားနိုင်မသောက်နိုင် နဲ့ နေလာရင်း .. သူ နေမကောင်းဖြစ်ပါတော့တယ်.. သူ တက်နေတဲ့ ဆေးတက္ကသိုလ်ကလဲ သူတို့ ကျောင်းသူအတွက် .. အစစအရာရာ ဆေးကုပေးဖို့ တာဝန်ယူကြရင်း သူ ရဲ့  အသက်ကိုစောင့်လျှောက်ခဲ့ကြတယ်...
ဒါပေမဲ့ .. တနေ့ ထက်တနေ့ သူ့ စိတ်ထဲမှာရှိတဲ့ သံသယစိတ်တွေ ဟာ ပိုပိုဆိုးလာတော့တယ်..
တမင်းမစား ဟင်းမစား ဦးလေး စကား ကလွဲပြီး ကျန်တဲ့ လူတွေအားလုံးကို ယုံကြည်မှူ့  မရှိတော့လောက်အောင်ထိ သူ့  စိတ် က သူ့  ကိုစိုးမိုးထားပါတော့တယ်..
သူ နေမကောင်းဖြစ်နေတဲ့အချိန် ဦးလေး အိမ်မှာနေပြီး ဆေးလာကုတယ်..အဲ့လိုနဲ့  နဲနဲပြန်ကောင်းလိုက် သူ့ အမေ အိမ်ပြန်လိုက် နဲ့ နေလာရင်း...
အမေ အပေါ်ယုံကြည်မှူ့ မရှိတော့တဲ့ သံသယ စိတ်တွေကတော့ တနေ့ တခြားပိုတိုးတိုးလာတော့.. စိတ် ခံစားမှူ့ ဘက်ကို ရောက်မှန်းမသိရောက်လာတော့တယ်..
အမေ က သူ့ ကို အဆိပ်ခပ်တယ် ဆိုတဲ့ သူ ရဲ့  ကြောက်စရာကောင်းတဲ့ သံသယ စိတ်ကြီး 
နဲ့ ဘဲ.. သူ့  ဘဝ ကို သူ ခြောက်လှန့် နေပါတော့တယ်..
နောက်ကြာလာတော့ .. အစားမမှန် အအိပ်မမှန်တွေ နဲ့ .. အိပ်ယာထဲလဲခဲ့ရတော့တယ်..
စာမေးပွဲတွေ နီးလာတဲ့ အချိန်ကာလလေးမှာဘဲ သူ ... မယုံကြည်တော့တဲ့ သူ နဲ့  သူ့ ပတ်ဝန်းကျင် သူ့  သူငယ်ချင်း တွေ အားလုံးကို နှုတ်မဆက်ဘဲ လောကကြီး ထဲကနေအပြီးအပိုင် ထွက်ခွါသွားပါတော့တယ်...
တကယ်တန်းတော့ .. သူဟာ သူ့ စိတ်ထဲ ရှိတဲ့ သံသယတွေ နဲ့  သူ့ ကိုယ်သူ ပြန်သတ်သွားခဲ့တာပါ.. အရမ်းကြောက်စရာကောင်းလှပါတယ်.. သံသယ ဆိုတဲ့ စိတ်ကြီး လူတစ်ယောက်မှာဝင်လာရင် ကိုယ်ပိုင် အသိစိတ်လေး နဲ့  ဆင်ချင်နိုင်မှဘဲ မဆင်ချင်ဘဲ စိတ်ထဲထင်ရာ ဟုတ်မှာဘဲလို့ ထင်နေခဲ့ရင်တော့ .. ကိုယ့်စိတ် က ကိုယ့်ကိုယ်ပြန်သတ်နေတတ်ပါတယ်ဆိုတာ သူ ( မနွယ်နီ ) ကနေပြောပြသွားခဲ့တာပါ..
မနွယ်နီ အကြောင်းလေးရေးရတာကလဲ .. စာရေးတဲ့သူ နဲ့  ညီအမ ဝမ်းကွဲတော်စပ်နေလို့ ပါ..

လူတွေအားလုံး တစ်ယောက်အပေါ်တစ်ယောက် သံသယ ဆိုတာကြီး ကင်းရှင်းပပျောက်နိုင်ကြပါစေလို့ ....

Wednesday, July 18, 2012

ရင်ခုန်သံချို: ရွာနေပြီ.. အလွမ်းမိုး

ရင်ခုန်သံချို: ရွာနေပြီ.. အလွမ်းမိုး: သဲသဲမည်းမည်း..   ဘယ်အညှိုးတွေ ရယ်ကြောင့် ..   ဒီလောက် ရွာနေရတာလဲ မိုး ရယ်...   မိုးရွာ ထဲ ချစ်သူ လက်ကိုတွဲလို့ ..   လမ်းလျှောက် ခဲ့ရတဲ့...

ငှက်ငယ်..


နားလို က နား..
ပျံလို က ပျံ.. မင်းဆန္ဒပါ..
ငါ့..ပုခုံထက်
လာနားခဲ့တုံးကလဲ

... ခွင့်မတောင်းဘဲ တိတ်တိတ်လေး ခြေစုံရပ်လို့ 
မင်း..နားခိုခဲ့တယ်..
မင်း..ဘဝအမောတွေ ဖြေ
သက်သာရာလဲရလို့ 
ပျံတော့မယ် ဆိုလဲ
ငါ့..ပုခုံးထက်က...
အသာအရာ ထွက်သွားနိုင်ပါရဲ့ နဲ့ ..
ငါ့..ရင်ကိုခြေစုံကန်..
ငါ့..ပုခုံးထက်ခြေရာတွေပေးလို့ ...
အဝေးဆုံး ကို ထွက်သွားခဲ့ရတာလဲ...
မင်း နားခိုသွားတဲ့...
ပုခုံးထက် က ခြေရာရယ်.. ခြေစုံကန်ထွက်သွားတဲ့
ငါ့..ရင်ဘတ်က ဒဏ်ရာတွေ နဲ့ ....
နေသားကျဖို့ ...ငါ..တော်တော်ကြိုးစားခဲ့ရတယ်
ဒါပေမဲ့လဲ...မင်းပေးတဲ့ ဒဏ်ရာတွေ နဲ့ 
မင်း....နောက်တစ်ခါ...
ဘယ်တော့များ... ငါ့ ပုခုံးထက်မှာ
ဘဝ အမောတွေ လာဖြေသိမ့်အုံးမလဲလို့ ...
မျှော်နေရင်း ..... မင်း ပေးမဲ့...
ဒဏ်ရာတွေ ကို ..ငါ.... ကျေနပ်စွာလက္ခံပေးဖို့ ...
ငါ...... စောင့်နေပါရစေ ငှက်ငယ် ရယ်။။။။

ရပ်ရဲရင်ရပ်ကြည့်..



ငါ့ ... ချစ်တတ် တဲ့  နှလုံးသားကိုထုတ်...

ဒဏ်ရာတွေ အမျိုးမျိုး ပေးလို့ ...

ငါ့..နှလုံးသားနုနု သည်ခြေဥအောင်
...
နင် ..ပြုစားရက်ခဲ့တယ်..

ငါ..အချိန်တွေ နဲ့ အမျှကုစားခဲ့ရတယ်..

ခုတော့ ... ချစ်တတ်တဲ့

ငါ့ နှလုံးသား ကိုထုတ်လို့ ...

မုန်းတတ်တဲ့ နှလုံးသားတစ်စုံ နဲ့ ...

အစားထိုး လဲလှယ်ထားတယ်..

ငါ့ .. ရင် တံခါးဝ

ရပ်ရဲရင်ရပ်ကြည့်..

နင်ပေးတဲ့ဒဏ်ရာတွေ နဲ့ ..

လက်စာခြေဖို့ ... ငါ့ နှလုံးသား က အသင့် ။။။။

ထားခဲ့ပြီး...မှ..


နခဲ့တော့လို့  ထားခဲတဲ့နေရာ ငါ..နေခဲ့တာပါ..

မလွမ်းဘူးလားမေးရင်လွမ်းနေဆဲပါ..

မတမ်းတဘူးလား မေးရင် တမ်းတနေဆဲပါ


မမေ့သေးဘူးလား မေးရင်

လုံးဝမေ့မရနိုင်သေးပါဘူး..

မချစ်တော့ဘူးလား မေးရင်..

မချစ်ရဲတော့တာပါ..

ဒဏ်ရာဟောင်း နဲ့  နေသားကျဖို့ ..

ကြိုးစားနေရတဲ့ ငါ့ အဖြစ်..

နောက်..အသစ်ဖြစ်လာ မဲ့ အနာတရ

ငါ... လုံးဝ မခံစားရဲတော့လို့ ပါ။။။။

သင်ပေးခဲအုံး...

ချစ်တယ်..ဆိုတာ မုန်းဖို့ မဟုတ်ပါဘူး ..
 

မင်းပေးတဲ့...
 

ငါ့..ရင်ထဲ..ခံစားရတဲ့ စိတ်ဒဏ်ရာတွေ...
 

ခဏ ခဏ မပေးပါ နဲ့  ချစ်သူ....
 

ကိုယ်ခန္ဒာ မှာ ရတဲ့ ..ဒဏ်ရာ ကုစားလို့  ပျောက်ပေမဲ့..  

စိတ်ဆန္ဒ တစ်နေရာ မှာ ... 

ဒဏ်ရာ ရသွားခဲ့ရင်...
 

ဘာနဲ့မှကုစားလို့ မရဘူး...
 

မင်းကြောင့်..အိပ်ပျက်ညတွေလဲများခဲ့ပြီ..
 

မင်း ပေးတဲ့..စိတ်ဒဏ်ရာတွေ နဲ့ ..
 

တစ်ခါတစ်ရံ....
 

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် မဲ့ရက်တွေ ကို...
 

ငါ... တမ်းတ မျှော်လင့်နေမိတယ်...
 

တဆေခြောက် မှာ မကြောက်ပေမဲ့...
 

မင်း အကြောင်းတွေးရင်း..
 

အိပ်မက် မက်ခဲ့ရတဲ့..
 

ခြောက်ခြားစရာ..အိပ်မက်ဆိုးတွေ က..
 

ငါ့ ကို ညတိုင်း ခြောက်လှန့် နေတာကြောင့်...
 

ခြောက်ခြားစရာ ကောင်းတဲ့
 

အိပ်မက်ဆိုးတွေကို..ငါ ကြောက်တယ်..ချစ်သူ
 

ငါ..သိပ်ချစ်ခဲ့တဲ နင့် ကို...
 

အမုန်းကြီး..မမုန်းပါရစေနဲ့..
 

ငါ့ အချစ်တွေ ကို အလေးမထား ဂရုမစိုက်ချင်နေပါ..
 

ချစ်တတ် တဲ့ ငါ့ နှလုံးသား ကို..
 

မုန်း တတ်အောင် သင်မပေးပါနဲ့...ချစ်သူ။။။။။

ရွာနေပြီ.. အလွမ်းမိုး

သဲသဲမည်းမည်း..
 

ဘယ်အညှိုးတွေ ရယ်ကြောင့် ..
 

ဒီလောက် ရွာနေရတာလဲ မိုး ရယ်...
 

မိုးရွာ ထဲ ချစ်သူ လက်ကိုတွဲလို့ ..
 

လမ်းလျှောက် ခဲ့ရတဲ့ နေ့ တွေ သတိရမိတယ်..
 

မိုးခြိမ်းသံကြား ခိုနားခဲ့ရတဲ့..
 

ချစ်သူ့  ရင်ခွင်ကြား...
 

လွမ်းမိတယ်..
 

အခုတော့.. ငါ့ တစ်ယောက်ထဲ.. အဖေါ် မဲ့ အထီကျန်တဲ့အချိန်..
 

မိုး ရယ်... ရွာနေတာတွေ ..
 

ရပ်တန့်ပေးလိုက်ပါတော့..
 

ငါ..လဲ မင်း နဲ့ ထပ်တူ..
 

ရင်ထဲ.. အလွမ်းမိုးတွေ ရွာနေတယ်....

ငှက်ငယ်..

နားလို က နား..
 

ပျံလို က ပျံ.. မင်းဆန္ဒပါ..
 

ငါ့..ပုခုံထက် လာနားခဲ့တုံးကလဲ
 

ခွင့်မတောင်းဘဲ တိတ်တိတ်လေး ခြေစုံရပ်လို့ 
 

မင်း..နားခိုခဲ့တယ်..
 

မင်း..ဘဝအမောတွေ ဖြေ သက်သာရာလဲရလို့ 
 

ပျံတော့မယ် ဆိုလဲ
 

ငါ့..ပုခုံးထက်က...
 

အသာအရာ ထွက်သွားနိုင်ပါရဲ့ နဲ့ ..
 

ငါ့..ရင်ကိုခြေစုံကန်..
 

ငါ့..ပုခုံးထက်ခြေရာတွေပေးလို့ ...
 

အဝေးဆုံး ကို ထွက်သွားခဲ့ရတာလဲ...
 

မင်း နားခိုသွားတဲ့...
 

ပုခုံးထက် က ခြေရာရယ်.. ခြေစုံကန်ထွက်သွားတဲ့
 

ငါ့..ရင်ဘတ်က ဒဏ်ရာတွေ နဲ့ ....
 

နေသားကျဖို့ ...ငါ..တော်တော်ကြိုးစားခဲ့ရတယ်
 

ဒါပေမဲ့လဲ...မင်းပေးတဲ့ ဒဏ်ရာတွေ နဲ့ 
 

မင်း....နောက်တစ်ခါ...
 

ဘယ်တော့များ... ငါ့ ပုခုံးထက်မှာ
 

ဘဝ အမောတွေ လာဖြေသိမ့်အုံးမလဲလို့ ...
 

မျှော်နေရင်း ..... မင်း ပေးမဲ့...
 

ဒဏ်ရာတွေ ကို ..ငါ.... ကျေနပ်စွာလက္ခံပေးဖို့ ...
 

ငါ...... စောင့်နေပါရစေ ငှက်ငယ် ရယ်။။။။

ရပ်ရဲရင်ရပ်ကြည့်..

ငါ့ ... ချစ်တတ် တဲ့  နှလုံးသားကိုထုတ်...

ဒဏ်ရာတွေ အမျိုးမျိုး ပေးလို့ ...

ငါ့..နှလုံးသားနုနု သည်ခြေဥအောင်
... ...
နင် ..ပြုစားရက်ခဲ့တယ်..

ငါ..အချိန်တွေ နဲ့ အမျှကုစားခဲ့ရတယ်..

ခုတော့ ... ချစ်တတ်တဲ့

ငါ့ နှလုံးသား ကိုထုတ်လို့ ...

မုန်းတတ်တဲ့ နှလုံးသားတစ်စုံ နဲ့ ...

အစားထိုး လဲလှယ်ထားတယ်..

ငါ့ .. ရင် တံခါးဝ

ရပ်ရဲရင်ရပ်ကြည့်.. 


နင်ပေးတဲ့ဒဏ်ရာတွေ နဲ့ ..

လက်စာခြေဖို့ ... ငါ့ နှလုံးသား က အသင့် ။။။။

ထားခဲ့ပြီး...မှ..

နေခဲ့တော့လို့  ထားခဲတဲ့နေရာ ငါ..နေခဲ့တာပါ..

မလွမ်းဘူးလားမေးရင်လွမ်းနေဆဲပါ..

မတမ်းတဘူးလား မေးရင် တမ်းတနေဆဲပါ
...
မမေ့သေးဘူးလား မေးရင်

လုံးဝမေ့မရနိုင်သေးပါဘူး..

မချစ်တော့ဘူးလား မေးရင်..

မချစ်ရဲတော့တာပါ..

ဒဏ်ရာဟောင်း နဲ့  နေသားကျဖို့ ..

ကြိုးစားနေရတဲ့ ငါ့ အဖြစ်..

နောက်..အသစ်ဖြစ်လာ မဲ့ အနာတရ

ငါ... လုံးဝ မခံစားရဲတော့လို့ ပါ။။။။