Snow Effect

Thursday, July 19, 2012

သံသယစိတ်

သူ့ နံမည် က နွယ်နီ ....
ဆရာဝန်မလောင်းလေးပေါ့ ။။ သူ က အသားဖြူဖြူ ဆံနွယ်လိပ်ကလေးတွေ နဲ့  မျက်လုံးမျက်ခုံး ကောင်းကောင်း တော်တော်လေး လဲ ချောတယ်...လှတယ်..
သူ က တစ်ဦးတည်းသော သမီးလေးပါဘဲ..စာကလဲအရမ်းတော်တယ်....
သူ့ မှာ အားကိုးစရာ အမေ တစ်ယောက်ထဲရှိပေမဲ့ အမေ က အရမ်းအတ္တကြီး တတ်တဲ့စိတ်ရှိတာကြောင့် .. ဝမ်းကွဲတော်တဲ့ ဦးလေး ကို အဖေ လို ဦးလေး လိုချစ်ရှာတယ်.. ဝမ်းကွဲညီမလေးတွေ ကို ညီအမအရင်းတွေလိုဘဲချစ်တယ်ပေါ့..
သူ ပျော်တာ သူ့  အိမ်မှာ သူမပျော်ဘဲ အဖေ လိုချစ်တဲ့ ဦးလေးအိမ်မှာ သူနေပျော်ခဲ့တယ်..
သူ နေတာက ကန်တော်လေး မှာတေတာ.. ဦးလေး က ကျောက်မြောင်းမှာနေကြတာဆိုတော့ အရေးအကြောင်းရယ်ဆို သူ ဦးလေးဆီ အပြေးရောက်လာတတ်တယ်..
ဒီလိုနဲ့ နေလာရင်း....ဆေးတက္ကသိုလ် Final part 2 ရောက်တဲ့ အချိန်မှာတော့ ...
ခဏ..ခဏ သူနေတဲ့ ကန်တော်လေး ကနေ ခြေကျင်လျှောက်လာပြီး ဦးလေး ဖြစ်သူ ကိုလာလာ တိုင်တယ်.. သူ့ အမေ က သူ့  ကို ထမင်းကျွေးရင် အဆိပ်တွေထည့်ကျွေးတယ်..
သူ အောက်ထပ်မှာ စာကျက်နေရင် အပေါ်ထပ်ကြမ်းပြင်ကနေ အဆိပ်တွေလောင်းချတယ် လို့  ငို ပြီး ဦးလေးဖြစ်သူ ကို မကြာ မကြာပြေးလာပြီးတိုင်တယ်..
အဲ့လို နဲ့  နေလာလိုက်တာ မစားနိုင်မသောက်နိုင် နဲ့ နေလာရင်း .. သူ နေမကောင်းဖြစ်ပါတော့တယ်.. သူ တက်နေတဲ့ ဆေးတက္ကသိုလ်ကလဲ သူတို့ ကျောင်းသူအတွက် .. အစစအရာရာ ဆေးကုပေးဖို့ တာဝန်ယူကြရင်း သူ ရဲ့  အသက်ကိုစောင့်လျှောက်ခဲ့ကြတယ်...
ဒါပေမဲ့ .. တနေ့ ထက်တနေ့ သူ့ စိတ်ထဲမှာရှိတဲ့ သံသယစိတ်တွေ ဟာ ပိုပိုဆိုးလာတော့တယ်..
တမင်းမစား ဟင်းမစား ဦးလေး စကား ကလွဲပြီး ကျန်တဲ့ လူတွေအားလုံးကို ယုံကြည်မှူ့  မရှိတော့လောက်အောင်ထိ သူ့  စိတ် က သူ့  ကိုစိုးမိုးထားပါတော့တယ်..
သူ နေမကောင်းဖြစ်နေတဲ့အချိန် ဦးလေး အိမ်မှာနေပြီး ဆေးလာကုတယ်..အဲ့လိုနဲ့  နဲနဲပြန်ကောင်းလိုက် သူ့ အမေ အိမ်ပြန်လိုက် နဲ့ နေလာရင်း...
အမေ အပေါ်ယုံကြည်မှူ့ မရှိတော့တဲ့ သံသယ စိတ်တွေကတော့ တနေ့ တခြားပိုတိုးတိုးလာတော့.. စိတ် ခံစားမှူ့ ဘက်ကို ရောက်မှန်းမသိရောက်လာတော့တယ်..
အမေ က သူ့ ကို အဆိပ်ခပ်တယ် ဆိုတဲ့ သူ ရဲ့  ကြောက်စရာကောင်းတဲ့ သံသယ စိတ်ကြီး 
နဲ့ ဘဲ.. သူ့  ဘဝ ကို သူ ခြောက်လှန့် နေပါတော့တယ်..
နောက်ကြာလာတော့ .. အစားမမှန် အအိပ်မမှန်တွေ နဲ့ .. အိပ်ယာထဲလဲခဲ့ရတော့တယ်..
စာမေးပွဲတွေ နီးလာတဲ့ အချိန်ကာလလေးမှာဘဲ သူ ... မယုံကြည်တော့တဲ့ သူ နဲ့  သူ့ ပတ်ဝန်းကျင် သူ့  သူငယ်ချင်း တွေ အားလုံးကို နှုတ်မဆက်ဘဲ လောကကြီး ထဲကနေအပြီးအပိုင် ထွက်ခွါသွားပါတော့တယ်...
တကယ်တန်းတော့ .. သူဟာ သူ့ စိတ်ထဲ ရှိတဲ့ သံသယတွေ နဲ့  သူ့ ကိုယ်သူ ပြန်သတ်သွားခဲ့တာပါ.. အရမ်းကြောက်စရာကောင်းလှပါတယ်.. သံသယ ဆိုတဲ့ စိတ်ကြီး လူတစ်ယောက်မှာဝင်လာရင် ကိုယ်ပိုင် အသိစိတ်လေး နဲ့  ဆင်ချင်နိုင်မှဘဲ မဆင်ချင်ဘဲ စိတ်ထဲထင်ရာ ဟုတ်မှာဘဲလို့ ထင်နေခဲ့ရင်တော့ .. ကိုယ့်စိတ် က ကိုယ့်ကိုယ်ပြန်သတ်နေတတ်ပါတယ်ဆိုတာ သူ ( မနွယ်နီ ) ကနေပြောပြသွားခဲ့တာပါ..
မနွယ်နီ အကြောင်းလေးရေးရတာကလဲ .. စာရေးတဲ့သူ နဲ့  ညီအမ ဝမ်းကွဲတော်စပ်နေလို့ ပါ..

လူတွေအားလုံး တစ်ယောက်အပေါ်တစ်ယောက် သံသယ ဆိုတာကြီး ကင်းရှင်းပပျောက်နိုင်ကြပါစေလို့ ....

No comments: