Snow Effect

Monday, September 9, 2013

ဆုတောင်း _/|\_ _/|\_ _/|\_ ( ရာဘင်ဒြာနသ်တဂိုး )

လွတ်လပ်စွာတွေးခေါ်နိုင်သော နေရာ

ဥိးခေါင်းကိုမတ်မတ်ထောင်ထားနိုင်သော နေရာ

အသိပညာလွတ်လပ်သော နေရာ

ကမ္ဘာကြီးအားကျဉ်းမြောင်းသော

ကိုယ်ပိုင်အုပ်တံတိုင်းဖြင့်ကာရံလျှက်

အစိတ်စိတ်အမွှာမွှာခွဲခြားထားခြင်းမရှိသော နေရာ

စကားလုံးများနက်ရှိုင်းလှသောသစ္စာတရားမှ

ထွက်ပေါ်လာသော နေရာ


မတွန့် မဆုပ်ကြိုးပမ်းအားထုတ်မှူ့ သည်

ယင်း၏လက်များကိုပြီးပြည့်စုံခြင်းဆီသို့ 

ဆန့် တန်းလျှက်ရှိသော နေရာ

ဆင်ခြင်တုံတရားတည်းဟူသော

ကြည်လင်သည့်စမ်းရေအလျှင်သည်

သေခြင်းတရာ၏စိုးမိုးရာ

ခြောက်သွေ့ သောကန္ဒာသဲပြင်းအတွင်း

လမ်းပျောက်သွားခြင်းမရှိသော နေရာ

အရှင့် ရှေ့ ဆောင်မှူ့ ဖြင့် စိတ်အလျှင်သည်

အမြဲတစေချဲ့ ထွင်လျှက်ရှိသော

အတွေးအခေါ်နှင့် လုပ်ဆောင်မှူ့ နယ်ပယ်ဆီသို့ 

ဦးတည်သွားသော နေရာ

ထိုလွတ်လပ်သောနိဗ္ဘာန်ဘုံထဲဍ်

တပည့်တော်၏ တိုင်းပြည် နိုးကြားနေရပါလို၏ အရှင်ဘုရား ။  ။

( ရာဘင်ဒြာနသ်တဂိုး )


မနက်စောစော ခလေးဘဝ က ဖတ်ခဲ့ရတဲ့ တန်ဂိုး မှတ်တမ်းလေးကို

ပါးစပ်ကရါတ်ကြည့်ရင်း ... အော် ..... ဟုတ်ပါလားလို့ 

Sunday, March 24, 2013

ရင်ခုန်သံချိုချို: သန်းခေါင်ယံအတွေး

ရင်ခုန်သံချိုချို: သန်းခေါင်ယံအတွေး: မှောင်မိုက်တဲ့သန်းခေါင်ယံညထဲ တမ်းတမ်းတတသတိရနေတယ် ငါ့ .. နံဘေးနား အမြဲရှိနေတတ်တဲ့ နင့်ကို အားကိုးတကြီးငါ့လက်အစုံနဲ့ ဖက်တွယ်ဖို့  င...

ခံစားချက်လေးတွေ ရှိခဲ့ရင်....

သန်းခေါင်ယံအတွေး

မှောင်မိုက်တဲ့သန်းခေါင်ယံညထဲ

တမ်းတမ်းတတသတိရနေတယ်

ငါ့ .. နံဘေးနား အမြဲရှိနေတတ်တဲ့ နင့်ကို

အားကိုးတကြီးငါ့လက်အစုံနဲ့ ဖက်တွယ်ဖို့ 

ငါ့ လက်တွေအပြေးလေးရောက်သွားခဲ့တယ်

ဒါပေမဲ့ .... ရှာမတွေ့ ဘူး .. ဖမ်းဆုပ်လို့ လဲမရဘူး

အချိန်အတော်ကြာကြာ .. ငါ ရှာဖွေနေခဲ့မိတယ်

ငါ့ရဲ့  နံဘေး ... နင်မရှိပါလားဆိုတဲ့

အသိစိတ်လေး ရင်ထဲတိုးဝင်လာတဲ့အချိန်မှာတော့

မျက်ဝန်းမိုးတွေသွန်းကာဖြိုးလို့ ရွာခဲ့ပြီ

အဖေါ်မဲ့ သန်းခေါင်ယံညတွေရယ်

ငါ့အနားက .... အမြန်ထွက်သွားပါတော့

တမ်းတရင်းလွမ်းရတဲ့ညနက်ရက်တွေ

ငါ့အတွက်တော့ ရှည်လျှားလှတယ်ကွယ် ။။။။။

ချိုချိုချစ်

Monday, February 4, 2013

သူ

                  သူ

သူရယ်လေ
ကျမ ရဲ့ အရင်းနှီးဆုံးသူတစ်ယောက်ပေါ့
ကျမရဲ့ ဘဝကို
သူ့ ရဲ့ လျှို့ ဝှက်နက်ရှိုင်းတဲ့ အတွေ့ အထိလေးတွေ နဲ့ 
နိုးကြားစေခဲ့တယ်

သူရယ်လေ
သူ့ ရဲ့ ညှို့ မျက်လုံးတွေနဲ့ ဖမ်းယူပြုစားခဲ့တယ်
ကျမရဲ့ အသဲနှလုံးထဲကမေတ္တာစောင်းကြိုးလေးမှာ
နှစ်သိမ့်ခြင်းနဲ့ နာကြင်ခြင်းသံစဉ်တွေကို
ကျေကျေနပ်နပ်ကြီးတီးခပ်ဆော့ကစားသွားခဲ့တယ်

သူရယ်လေ
ရွှေခြည်ငွေခြည်ဖြူနီညိုပြာအရောင်အဝါတွေလွှမ်းပြီး
အခိုးအငွေ့ လိုပျက်ပြယ်လွယ်တဲ့
ပရိယာယ်မာယာကွန်ယက်တွေကိုမှ
ဖြန့် ကျက်ရက်လုပ်သွားလေတယ်
သူ့ ရဲ့ အတွေ့ ထူးမှာလဲ
ကိုယ့်ကိုယ်ပင်မေ့လောက်အောင်ယစ်မူးစေခဲ့တယ်
ပြီးတော့ ပြီးတော့
သူ့ ရဲ့ ခြေအစုံကိုလဲဦးတိုက်ဝပ်တွားစေခဲ့သေးရဲ့ 

ခုတော့ရက်တွေကုန်လို့ နှစ်တွေပြောင်းခဲံပါပြီ
ဒါပေမဲ့လဲသူ့ ရဲ့ အမည် သူ့ ရဲ့ ရုပ်သွင်
ရွှင်မြူးခြင်းနဲ့ ပူဆွေးခြင်းကိုဖန်တီးပေးစွမ်းတတ်တဲ့
သူ့ ရဲ့ ယုယနှစ်သိမ့်မှူ့ လေးတွေဟာ

ကျမအပေါ်ယနေ့ တိုင်စိုးမိုးနေဆဲ
ကျမရဲ့ အသည်းနှလုံးကိုလှုပ်ရှားစေနိုင်ဆဲ
ကျမအတွက်တော့
သူဟာထာဝရပါဘဲ ။ ။

မိုးမိုး ( အင်းလျား )

Thursday, January 31, 2013

တမ်းတည

ချစ်သူ ရေ ...

အိပ်မပျော် တဲ့ ညတွေတိုင်း

ကောင်းကင်ကြီး ကိုမော်ကြည့်ရင်း

ကြယ်လေးတွေ ကို ရည်တွက်လို့ 

လွမ်းမျက်ရည်တွေ မျက်ဝန်းမှာစို့ ခဲ့ရပြီ

ဘယ်ဆီဝယ်မှန်းတမ်းတလို့ 

မရနိုင် တဲ့ ငါ့ လိုဘဝ ကို

ဟိုးဝေးဝေး က လှမ်းကြည့်နေတဲ့ လမင်းကြီး က

ရဲ့ ရဲ့ လေးပြုံပြီး သရော်သွားလေရဲ့ 

နင် လဲ ငါ့လို ဖေါ်ကွာဝေးလို့ 

ဆွေးနေ .. လွမ်းနေ အထီးကျန်နေရတယ်ပေါ့တဲ့

ချစ်သူရယ် .. အိပ်မပျော် တဲ့

ညနက်ရက် တွေရှည်လွန်းတယ် ။။။။။


Wednesday, January 9, 2013

ဘဝမခြားပါ

အဖေ .... ဆီးချို ဆိုတဲ့ ရောဂါကြီးဖြစ်တော့ ..

အနာတရတွေရမှာဆိုးတာကြောင့် ဘာမှမလုပ်ခိုင်းခဲ့ဘူး

အဖေ့ ဝေရာဝစ္စ ခေါင်းမှခြေအဆုံး ကျနော် လုပ်ပေးခဲ့တယ်

တကယ်တန်းတော့ ဆီချိုရောဂါရှိပေမဲ့ အဖေ ဟာ အရမ်းဝလွန်းပါတယ်

အရမ်းဝတဲ့ အဖေ ကို ရေချိုးပေးရင်လဲ အရမ်းပင်ပန်းတယ်.. ဆေးခန်းသွားပို့ လဲ

အဖေ့ ကိုတွဲရတာအလွန်မောပန်းပါတယ် .. ဒါပေမဲ့ .. မငြီးငွေ့ မငြူစူခဲ့ဘူးပါဘူး

အဖေ ကိုပြုစုလုပ်ပေးနေရတာကျေနပ်နေခဲ့တယ်ပေါ့ ..

မိဘ ကိုပြုစာခဲ့တဲ့ရလာတ်ကတော့ အခုအချိန်မှာ .. ကျနော့ဘဝ အရာရာပြည့်စုံပါတယ်

သို့ သော် .....

ဆီချို ရောဂါအပြင်းအထန် ခံစားနေရတဲ့ အဖေ့ ကို ထမင်းစားတိုင်း

မတည့်တဲ့အစားအစာတွေ စားရင် .. လက်ကို အတင်းလိုက်ဆွဲ

လက်ထဲပါသွားတဲ့ သရက်သီးဆိုရင် .. လုပြီးလွှင့်ပြစ်ခဲ့တဲ့

အဖေ ... အဝါရောင်ရှိသောအသီး မစားရဘူး.. ထမင်းအချင့်အချိန်နဲ့ စားရမယ်

ကော်ဖီ မိုင်လို သကြားလုံးဝမထည့်ရဘူး.. သောက်ချင်ရင် ဆီးချိုသကြားနဲ့ သောက်

မုန့် စားရင်အချိုမပါတာစားရမယ် ... အဲ့လိုစည်းကမ်းချက်တွေ နဲ့ အဖေ့ ကို

ထားခဲ့တဲ့ ကျနော် .. အခုတော့ ..လေးဘက်နာနဲ့  ကလီစာတွေမတည့်ဘူး

သွိုင်းရွက် နဲ့ ဆီတွေ ဆားတွေမှားလို့ မရ စားလို့ မရဖြစ်ခဲ့ရတယ်

အဖေ့ ကို တားဆီးပိတ်ပင်ခဲ့သမျှတွေ ကျနော် ဘဝမခြားဘူး အဖေ

ကျနော် ဝဍ်တွေလည်နေပြီ .... နောက်ဘဝတောင်မကူးဘူး အဖေ ။။

Tuesday, December 11, 2012

ခဏတာ

လူဖြစ်ရတဲ့ .. ဒီဘဝ ဝယ်

ချစ်ခြင်း ၊ မုန်းခြင်း ၊ ဝေးခြင်း ၊ နီးခြင်း

မနာလိုခြင်း .. ဝန်တိုခြင်း ..

ခံစားသက်ဝင် ... ထိုဖြစ်အင်ရယ်

ပျော့ညံ့စိတ်တွင်း ပူးဝင်ကပ်လျှက်

နဂိုမူလ စိတ်ကောင်းတွေပင်

လွင့်စင်ပပျောက် .. စိတ်၏စေရာ

ရုပ်က ပါလျှက်ကပ်ငြိတွယ်ငင်

အစိုးမရ စိတ်ဆန္ဒနှင့် ထပ်တူကျစွာ

တုံ့ ပြန်မေတ္တာ ညစ်နွမ်းနွမ်း ကို

ကိုယ်လဲမကြိုက် မနှစ်သက်ဘဲ

စိတ်ကမပါ .. လက်စားခြေမှု့ တစ်ခုအတွက် နဲ့ 

ခြေပ တုန့် ပြန့်  .. နိမ်ကျလှတဲ့ စိတ်ဆန္ဒရယ်

အလည်ခဏ ရောက်လာ ဘဝ တွင်

အမုန်းရန်ငြိုး ရှေ့ ဆက်ပျိုးသော်

နောင်သော .. ဘဝ ပြန်ဆုံကြရင်

အဘယ် မျက်နှာ .. အဘယ်အပြုံး နဲ့ 

တွေ့ ကြ .. ဆုံကြ ၊ နှုတ်ဆက်ကြမည်နည်း ။။။။။။။