Snow Effect

Wednesday, July 18, 2012

ငှက်ငယ်..


နားလို က နား..
ပျံလို က ပျံ.. မင်းဆန္ဒပါ..
ငါ့..ပုခုံထက်
လာနားခဲ့တုံးကလဲ

... ခွင့်မတောင်းဘဲ တိတ်တိတ်လေး ခြေစုံရပ်လို့ 
မင်း..နားခိုခဲ့တယ်..
မင်း..ဘဝအမောတွေ ဖြေ
သက်သာရာလဲရလို့ 
ပျံတော့မယ် ဆိုလဲ
ငါ့..ပုခုံးထက်က...
အသာအရာ ထွက်သွားနိုင်ပါရဲ့ နဲ့ ..
ငါ့..ရင်ကိုခြေစုံကန်..
ငါ့..ပုခုံးထက်ခြေရာတွေပေးလို့ ...
အဝေးဆုံး ကို ထွက်သွားခဲ့ရတာလဲ...
မင်း နားခိုသွားတဲ့...
ပုခုံးထက် က ခြေရာရယ်.. ခြေစုံကန်ထွက်သွားတဲ့
ငါ့..ရင်ဘတ်က ဒဏ်ရာတွေ နဲ့ ....
နေသားကျဖို့ ...ငါ..တော်တော်ကြိုးစားခဲ့ရတယ်
ဒါပေမဲ့လဲ...မင်းပေးတဲ့ ဒဏ်ရာတွေ နဲ့ 
မင်း....နောက်တစ်ခါ...
ဘယ်တော့များ... ငါ့ ပုခုံးထက်မှာ
ဘဝ အမောတွေ လာဖြေသိမ့်အုံးမလဲလို့ ...
မျှော်နေရင်း ..... မင်း ပေးမဲ့...
ဒဏ်ရာတွေ ကို ..ငါ.... ကျေနပ်စွာလက္ခံပေးဖို့ ...
ငါ...... စောင့်နေပါရစေ ငှက်ငယ် ရယ်။။။။

No comments: