Snow Effect

Thursday, October 4, 2012

ခံနိုင်ရည်ဆိုတာ

တစ်ခါတုံး က .. အလွန်ချမ်းသာ တဲ့  သူဌေးကြီး က လူတွေအကြောင်းသိချင်တာနဲ့  

သူ့ ကိုယ်သူ သူဆင်းရဲသားဟန်ဆောင်ပြီး

 အလှူ တစ်ခု မှာဝင်စားတယ်တဲ့ ....

အလှူရှင်တွေက ဂုဏ်ရှိသူ ဝတ်ကောင်းစားလှတွေဝတ်ဆင်လာသူတွေကို

လှိုက်လှိုက်လှဲလှဲကြိုဆိုသတဲ့..

သူဌေးကြီး ကိုတော့ သူဆင်းရဲသားထင်ပြီး အလှူအဝင်ဝကနေမောင်းထုပ်သတဲ့..

သူဌေးကြီးလဲ ဒေါသတွေဖြစ်ပြီး 

အိမ်ပြန် လာပြီး ဝတ်ကောင်းစားလှတွေဝတ်ပြီးသွားပြန်သတဲ့..

အဲ့လိုလာတဲ့ သူဌေးကြီးကိုလဲတွေ့ ရော.

ကြွပါ..ကြွပါ သူဌေးမင်း ကြွပါနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုကြသတဲ့ 

သူဌေးကြီး က စားပွဲဝိုင်းလဲရောက်ရော ဧည့် ခံ တဲ့စားဇွယ်စုံတွေကို 

သူဝတ်လာတဲ့တောင်ရှည်ပုဆိုးထဲသွန်ထည့် လိုက်တယ်..

အလှူ့ ရှင်တွေ က အံ့အော တကြီးမေးကြတယ် 

ဘာလို့ အဲ့လိုလုပ်တာလဲ သူဌေးမင်း တဲ့ ..

သူဌေးကြီး ပြန်ဖြေလိုက်တာ က ...

ခင်ဗျားတို့ က လူကိုကျွေးတာမှမဟုတ်တာ

ဝတ်ကောင်းစာလှတွေဝတ် .. ဂုဏ်ပကာသနဖိတ်ဖိတ်တောက်နေတဲ့

သူတွေကိုမှ .. မင်းတို့  ကျွေးချင်မွေးချင်ဧည့်ခံချင်ကြတာကိုး

အဲဒီတော့ .. လူ ကိုမကျွေးတဲ့ အစားအစာ လူ ကစားစရာမလိုဘူးလေ

ဒီ .. ဂုဏ်  ပကာသန ..ချမ်းသာကြွယ်ဝမှူ့ တွေ ကို

ရှေ့ တန်းတင် .. ကြွေးချင်နေတာဆိုတော့ .. သူတို့ စားတာ

မင်းတို့  .. ကျေနပ်ရမှာပေါ့တဲ့ ... 

သဘာဝ ပတ်ဝန်းကျင်မှာတောင် ..

အလင်း နဲ့ အမှောင် ။ အချို နဲ့ အခါး

အပျော် နဲ့ အငို ။ အချစ် နဲ့ အမုန်းဆိုတာတွေ

ရှိတတ်ကြတာမို့  .... 

အတက် နဲ့  အကျ ဆိုတာလေး ကို

ခံနိုင်ရည်..ရှိအောင်ကြိုတင်ပြင်ဆင်ဖို့  လိုနေပါအုံးမယ် ။။။






 


2 comments:

အိပ်မက်ကောင်းကင် said...

ဟူးးးး
စာလေးကတိုတိုလေးဆိုပေမဲ့လည်း
မှတ်သားစရာလေးတွေပါပဲလား
တန်ဖိုးရှိလှတဲ့ စာလေးတစ်ပုဒ်ကို မျှဝေပေးတာ ကျေးဇူးနော် နောက်လည်းသည်ထက်မက
တွေးနိုင်ရေးနိုင် ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

cho cho chit said...

အိမ်မက်ကောင်းကင် ရေ .. အားပေးတာ ကျေးဇူးနော်..

ချစ်တဲ့ ချို