Snow Effect

Tuesday, October 9, 2012

မစားသင့် တဲ့ အချိုမှုန့် 

ရှေးလူကြီးတွေ ..တစ်ခါတစ်ရံ စကားပြောရတာ အရမ်းခက်ပါတယ်

ကျွန်တော် ဟာ အဖွါးလက်ပေါ်ကြီးပြင်းရတဲ့ သူတစ်ယောက်ပါ

အဖွါး က ရှေးဆန်တယ် .. သူ့ အယူအဆ နဲ့ သူ ၊ တဇွတ်ထိုးလဲလုပ်တတ်သူလို့  ထင်မိတယ်

ကျွန်တော် .. နားလည်သိတတ် တဲ့ အရွယ် ရောက်တော့ ...

မှတ်မှတ်ရရ ၁၀ တန်းအောင်တဲ့နှစ်မှာ ...

အဖွါး .. အချိုမှုန့် တွေ သိပ်မစားပါနဲ့ လို့  ပြောရင် ...

အတင်းခေါင်းခါပြီး .. ငြင်းပါတော့တယ်..

အဖွါး ပြောနေကြ စကားလေး တစ်ခွန်း.. မှတ်မိနေပါသေးတယ်

အချိုမှုန့် စားပြီး .. နင့်အမေ ကိုမွေးတာ နင့်အမေ ရှေးခောတ် ၁၀တန်း

အောင်သတဲ့လေ.... အဲ့လိုဘဲ ...

အချိုမှုန့် တွေစားပြီးမွေးတဲ့ နင့်အမေ ကနေ နင့်ကိုမွေးတာ

နင် ၁၀တန်းအောင်တော့ ဂုဏ်ထူး ၃ ခု ၄ ခု နဲ့  အောင်တယ်လေ တဲ့..

ကျွန်တော် အဖွါး ကို အဲ့တုံးက ပြန်ပြောမိတဲ့ စကား က ....

အဖွါး နဲ့  အမေ အချို မှုန့် သာ မစား ခဲ့ ရင် ကျွန်တော် All D ထွက်မှာ သေခြာတယ်လို့ 

ပြန်ပြောခဲ့ဘူးတယ် ...

အချိုမှုန့် ကြောင့် ...ကြောက်စရာကောင်း တဲ့ ရောဂါ တစ်ခု ဖြစ်တတ်တယ်ဆိုတာ

ဟိုးတုန်းထဲက သိခဲ့ရင် .... အဖိုး  အဖွါး  ဖေဖေ တို့  အသက်တွေ ရှည်ကြမှာဘဲလို့ 

ကျွန်တော်တွေး မိတာကြောင့် .... အချို မှုန့် ရဲ့  ကြောက်စရာကောင်းတဲ့

ဆိုးကျိုးတွေ ကို သိသလောက် တတ်သလောက် နားလည်သလောက် မျှဝေ

လက်ဆင့်ကမ်းနှိုင်ရင်ဖြင့် ......

ကျွန်တော် လက်တွေ ခံစားရတဲ့ အချိုမှုန့် ရဲ့  ဆိုးကြိုးကတော့

အိမ်မှာ ..ဟင်းမချက်ဖြစ်လို့  အပြင်စာစားတဲ့ နေ့ ဆိုရင်

အချိုမှုန့် အများကြီးပါတဲ့ အစားအစာစားမိရင်... လူ တစ်ကိုယ်လုံး ထုံလာတယ်..

ကြက်သီးတွေထလာတတ်တယ် .. ကျွန်တော့ စိတ်ထင်တော့

ကျွန်တော့ခန္ဒာကိုယ် က အချိုမှုန့် မစားတာကြာတော့ အချိုမှုန့် ရဲ့ ဒဏ် ကို မခံနိုင်တော့တာ

ထင်ပါတယ်... အကောင်းဆုံးကတော့ ..

အချိုမှုန့်  ရဲ့  ဆိုးကြိုးတွေကိုလေ့လာမှတ်သားပြီး

အချိုမှုန့် အစား တခြား ဖြည့်စွပ်အစာတစ်ခုခု ကို အသုံးပြုပါလို့ 

ကျွန်တော့  သိသလောက် တတ်သလောက် ...

နိုးဆော် အကြံပေးချင်ပါတယ်ခင်ဗျာ ...

အချိုမှုန့် အန္တရာယ် ကြိုတင်ကာကွယ်နိုင်ကြပါစေ ....


4 comments:

စံပယ်ချို said...

ဘယ်သူတွေဘယ်လိုအသိပေး ပေး စားတဲ့လူတွေက စားနေကြတာပါပဲနော်
ကျန်းမာရေးစာစောင်တွေမှာလဲရေးကြတာပဲ
ဖတ်တာလဲဖတ်တယ် မလိုက်နာဘူးကွယ်

cho cho chit said...

ဟုတ်တယ်နော် မစံပယ်ချို ရေ
အန္ဒရယ်အရမ်းကြီးတာကို လူတွေ သတိမထားကြဘူးနော်..

ma yu said...

တို့ ကကျတော့ အချိုမှုန့် တွေ ထည့်ချက်မိရင် နောက်နေ့ မနက် အိပ်ယာထ နေ၇တာတမျိုးပဲ ။အိပ်ချင်မူးတူး မထချင် ခေါင်းလေး တော်တော်နဲ့ မျက်စေ့ ဖွင့်မရ ခေါင်းမကြည်ဘူး ။ သွေးလေးနေတယ်။ တလ ၂ ခါလောက်ပဲ ထည့်ချက်ဖြစ်တယ်။ အချိုမှုန့် မစားပဲ တရက်ကုန်သွားရင် တွေးပြီးပျော်တယ်။ ဒီနေ့ ငါ လုံးဝမစားဖြစ်ပါလားဆိုပြီး။

စံပယ်ချို said...

ချိုချစ်ရေ
ဖဘ မှာပဲတွေ့နေရတယ်နော် ဘာမှမဆက်ဘူးလား
အချိုမှုန့်မှာပဲရပ်နေပြီလားကွယ်
c-box မတွေ့လို့ဒီကပဲပြောခဲ့တယ်နော်
ချစ်တဲ့ sis jasmine