Snow Effect

Tuesday, November 13, 2012

ကျနော် ပြောချင်တဲ့ အဖေ အကြောင်း


ကျနော်အဖေ ဦးအုန်မောင် ကို စစ်ကိုင်းတိုင်း ၊ ဆင်တပ်ရွာ ( ကံတလူ ဘုရားဘေး လမ်းလေး ကဝင်ရတယ် ) ၊ က တောသားလေးပါ

အဖေ့ ကို အဖိုး ဦးကြွယ် ( သူကြီး ) နဲ့  အဖွါး ဒေါ်အိုဘော် တို့  က မွေးဖွါးလိုက်တဲ့ တစ်ဦးတည်သော သားကြီး တစ်ယောက်ပါ

တောမှာ မွေးတဲ့ ဖေဖေ ဟာ .. ကိုယ့်ဘဝ ကိုယ့်ဒူးကိုယ်ချွန် စစ်ကိုင်းမြို့ ပေါ်က အမျိုးတွေအိမ်မှာ ကပ်နေရင်း နေ့ ပိုင်းအလုပ်လေးတွေလုပ်ပြီး

အထက်တန်းပညာကို သင်ယူခဲ့တယ် ...အလုပ်တစ်ဖက်လုပ်ရင်း ဖေဖေ ဟာ ရှေးခောတ် ၁၀ တန်းကို ထူချွန်စွာ အောင်မြင်ခဲ့တယ်

၁၀ တန်းအောင်တော့ မျက်စေ့ပွင့် မဲ့ အလုပ်ကလေးလုပ်ချင်တာကြောင့် .. မန္တလေးမြို့  က နဂါးဒေါ်ဦး ဆေးလိပ်ခုံမှာ စာရေးလေး ဘဝ နဲ့  အလုပ်ဝင်ခဲ့တယ်

ဆေးလိပ်ခုံမှာ အလုပ်လုပ်ရင်း နဲ့  မေမေ ဒေါ်မြသွင် နဲ့ တွေ့ ဆုံပြိး အိမ်ထောင်ကျခဲ့တယ်

မေမေ တို့  ပိုက်ဆံရှိလူတန်းစားတွေမို့  မေမေ့ မိဘများ အဖိုး ဦးခန့်  အဖွါး ဒေါ်ရင် တို့  က ဖေဖေ့ ကို ခမ်းနားနား မင်္ဂလာဆောင်ပေးကြတယ်တဲ့

မေမေ နဲ့ အိမ်ထောင်ပြုပြီး စီးပွါးရေးအတွေ့ အကြုံရှိလာတဲ့ ဖေဖေ က ဆေးလိပ်ခုန် ထောင်လိုက်တယ် အရင်ကတော့ မန်းမြို့ မှာ နံမည်ရခဲ့တဲ့

ရွှေပုဇွန်လုံးဆေးလိပ်ခုန် တစ်ခု ဖေဖေ ပိုင်ခဲ့တယ်.. ဆေးလိပ်ခုန်တည်ထောင်ရင်း နဲ့  ဖေဖေ စိတ်တွေ ပြောင်းလာပြီး တပ်မတော်ထဲဝင်လိုက်တယ်

တပ်သားလေး ဘဝ နဲ့ ဘဲ ဖေဖေဟာ မေမြို့  စစ်ကိုင်း မန္တလေးမြို့ တွေ မှာ တာဝန်ထမ်းဆောင်နေခဲ့တယ်

အဲဒီအချိန်မှာတော့ .. မမကြီး နဲ့  ကိုကိုကြီး ကိုမွေလာခဲ့တယ်...

စိတ်ထားဖြူစင်.. အလုပ်ဆိုရင်ကြိုးစားလုပ်ပြီး ဂုဏ်ပကာသနမမက် တဲ့ ဖေဖေဟာ......

အထက်လူကြီးတွေ က ရာထူးတိုးပေချင်တာကြောင့်

ရှေ့ တန်းတွေထွက်ခိုင်းတယ်... စစ်ဆင်းရေးတွေထည့်ပေးတယ်

ဒါပေမဲ့  ... စစ်သားတစ်ယောက် ဖြစ်တဲ့ ဖေဖေ ပြောနေကြ စကား

လက်နက် နဲ့ လူမသတ်ချင်ဘူး တဲ့ စကား ခဏခဏ ပြောလို့ 

သူ့  အရာရှိတွေ က .. ( တော်တော်စောက်သုံးမကျတဲ့ အုန်းမောင် လို့  ) ဆူကြတယ်

သူ ကိုဘယ်လောက်ပြောပြော ရထူးမမက် ဘဲ နေခဲ့တယ်..နောက်ကြာတော့လဲ

စစ်ဗိုလ်ဘဝ ရာထူးတိုးပေးခံခဲ့ရတယ်.. ဗိုလ်အုန်းမောင် ဆိုတဲ့ ရာထူးလေး နဲ့ ဘဲ

ပျော်မွေ့ တဲ့ဖေဖေ .. အပေါင်းအသင်းသူငယ်ချင်းတွေ ဗိုလ်မှူးကြီးတွေ ဖြစ်သာသွားတယ်

ဖေဖေ ကတော့ ဗိုလ်ကြီးဘဝလေး နဲ့ ကျေနပ်နိုင်ခဲ့တယ်...

No comments: