Snow Effect

Monday, September 10, 2012

မှတ်တိုင်

ခရီးလမ်းအစ

ဆူးခင်းလမ်းလဲလျှောက်ဘူးတယ်

ပန်းခင်းလမ်းလဲကြုံဘူးတယ်

အခက်အခဲ ကြမ်းတမ်းတဲ့

လမ်းလျှောက်စဉ်ကလဲ

ယိုင်နဲ့ နဲ့ လှမ်းလာနေတဲ့

ခြေလှမ်းတွေ နဲ့  လူတစ်ယောက်ကို

လက်ကမ်းလို့  လှမ်းကူမဲ့သူလဲရှိ

လက်ပေးလို့ တွန်းလှဲမဲ့သူ နဲ့ လဲကြုံခဲ့ရတယ်

လှမ်းလာနေတဲ့ခြေလှမ်းတွေကို

ပြုပြင်လို့ နည်းလမ်းပေးသူလဲရှိ

လဲကျသွားစေဖို့ ခြေထိုးခံတဲ့သူနဲ့ လဲဆုံခဲ့ရတယ်

ချောမွေ့ တဲ့လမ်းကိုလှမ်မြင်ရအောင်

ဖြောင့်ဖြူးတဲ့လမ်းကိုညွှန်ပြသူနဲ့ လဲတွေ့ ခဲ့ဘူးတယ်

အကွေ့ အကောက်တွေ နဲ့ 

အမြင်တွေဝေဝါးသွားအောင်

မျက်စိလှည့်ထားခဲ့တဲ့သူကိုလဲ မြင်ဘူးခဲ့တယ်

ကြုံ ဆုံ တွေ့  မြင် သမျှတွေကို

မှတ်သားသင်ယူလို့ 

လဲ ရာက ထ ... ကျ ရာက တက်

တွေ့ ကြုံလာသမျှ .. အဆင်ပြေခြင်း မပြေခြင်း

လောကဓံ မှန်သမျှကို

မငြိုငြင် ပြုံပြုံကြီး ရင်ဆိုင်

ရဲရဲဝင့်ဝင့်လှမ်းလျှောက် လို့ 

မဝေးတာ့တဲ့ .......

အောင်မြင်တဲ့ ပန်းတိုင် လှမ်းမြင်နေရပြီ

ယုံကြည်ချက်ခိုင်ခိုင်မာမာ နဲ့ 

ရှေ့ ဆက်လျှောက်လိုက်ရင်ဖြင့်

ပန်းတိုင် ဆိုတဲ့ မှတ်တိုင်တစ်ခု


စိုက်ထူနိုင်တော့မယ် ။။။။။



No comments: