Snow Effect

Thursday, September 6, 2012

သူငယ်ချင်း .. သို့ 

သူငယ်ချင်း လက်ကိုလက်ခြင်း မြဲမြဲတွဲကြဖို့ 

တစ်ယောက်စိတ်တစ်ယောက် နားလည်

တစ်ယောက်သဘောတစ်ယောက် သိပြီး

ဟန်ဆောင်မှူ့ ကင်းရမယ်.. ကောက်ကျစ်မှူ့ မပါရဘူး

ပွင့်လင်းရိုးသားရမယ်

ပေးလိုက်တဲ့ အဖြူ ကို အရောင်မဆိုးရဘူး

တစ်ယောက်တည်း စိတ်တစ်ခုတောင်

ခဏ..ခဏ အလိုမကျနေတာ

နှစ်ယောက် နှစ်စိတ်

ရည်ရှည်ခိုင်မြဲဖို့ ဆိုရင်တော့

မင်းစိတ် .. ငါ့ စိတ်

ရိုးသားဖို့ အများကြီးလိုအပ်တယ်..

အဖြူ က အရမ်းတန်ဖိုးကြီးပါတယ်

အဲ့ဒီ .... အဖြူ ပေါ်မှာ

မင်း နဲ့ ငါ ... အစက်ကလေး တစ်စက်တောင်

မစွန်းထင်းမိပါစေနဲ့  ။။။။

( သူငယ်ချင်းချစ်ခင်မင်မှူ့ တွေ ထာဝရ တည်တံ့ပါစေ )

3 comments:

mstint said...

သူငယ်ချင်းအချစ်ဆိုတာ ဘဝတစ်သက်စာအတွက် တည်တံ့ခိုင်မြဲဘို့ လွယ်ကူတယ် ချိုချိုရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

cho cho chit said...

အားပေးတာကျေးဇူးတင်ပါတယ် တီတင့် ရေ ။။။

စံပယ်ချို said...

သူငယ်ချင်းများအားလုံး ထာဝရ ဖြူစင်မှုတွေနဲ့ ဆက်လက်ရှင်သန်နိုင်ပါစေလို့