Snow Effect

Monday, February 4, 2013

သူ

                  သူ

သူရယ်လေ
ကျမ ရဲ့ အရင်းနှီးဆုံးသူတစ်ယောက်ပေါ့
ကျမရဲ့ ဘဝကို
သူ့ ရဲ့ လျှို့ ဝှက်နက်ရှိုင်းတဲ့ အတွေ့ အထိလေးတွေ နဲ့ 
နိုးကြားစေခဲ့တယ်

သူရယ်လေ
သူ့ ရဲ့ ညှို့ မျက်လုံးတွေနဲ့ ဖမ်းယူပြုစားခဲ့တယ်
ကျမရဲ့ အသဲနှလုံးထဲကမေတ္တာစောင်းကြိုးလေးမှာ
နှစ်သိမ့်ခြင်းနဲ့ နာကြင်ခြင်းသံစဉ်တွေကို
ကျေကျေနပ်နပ်ကြီးတီးခပ်ဆော့ကစားသွားခဲ့တယ်

သူရယ်လေ
ရွှေခြည်ငွေခြည်ဖြူနီညိုပြာအရောင်အဝါတွေလွှမ်းပြီး
အခိုးအငွေ့ လိုပျက်ပြယ်လွယ်တဲ့
ပရိယာယ်မာယာကွန်ယက်တွေကိုမှ
ဖြန့် ကျက်ရက်လုပ်သွားလေတယ်
သူ့ ရဲ့ အတွေ့ ထူးမှာလဲ
ကိုယ့်ကိုယ်ပင်မေ့လောက်အောင်ယစ်မူးစေခဲ့တယ်
ပြီးတော့ ပြီးတော့
သူ့ ရဲ့ ခြေအစုံကိုလဲဦးတိုက်ဝပ်တွားစေခဲ့သေးရဲ့ 

ခုတော့ရက်တွေကုန်လို့ နှစ်တွေပြောင်းခဲံပါပြီ
ဒါပေမဲ့လဲသူ့ ရဲ့ အမည် သူ့ ရဲ့ ရုပ်သွင်
ရွှင်မြူးခြင်းနဲ့ ပူဆွေးခြင်းကိုဖန်တီးပေးစွမ်းတတ်တဲ့
သူ့ ရဲ့ ယုယနှစ်သိမ့်မှူ့ လေးတွေဟာ

ကျမအပေါ်ယနေ့ တိုင်စိုးမိုးနေဆဲ
ကျမရဲ့ အသည်းနှလုံးကိုလှုပ်ရှားစေနိုင်ဆဲ
ကျမအတွက်တော့
သူဟာထာဝရပါဘဲ ။ ။

မိုးမိုး ( အင်းလျား )

Thursday, January 31, 2013

တမ်းတည

ချစ်သူ ရေ ...

အိပ်မပျော် တဲ့ ညတွေတိုင်း

ကောင်းကင်ကြီး ကိုမော်ကြည့်ရင်း

ကြယ်လေးတွေ ကို ရည်တွက်လို့ 

လွမ်းမျက်ရည်တွေ မျက်ဝန်းမှာစို့ ခဲ့ရပြီ

ဘယ်ဆီဝယ်မှန်းတမ်းတလို့ 

မရနိုင် တဲ့ ငါ့ လိုဘဝ ကို

ဟိုးဝေးဝေး က လှမ်းကြည့်နေတဲ့ လမင်းကြီး က

ရဲ့ ရဲ့ လေးပြုံပြီး သရော်သွားလေရဲ့ 

နင် လဲ ငါ့လို ဖေါ်ကွာဝေးလို့ 

ဆွေးနေ .. လွမ်းနေ အထီးကျန်နေရတယ်ပေါ့တဲ့

ချစ်သူရယ် .. အိပ်မပျော် တဲ့

ညနက်ရက် တွေရှည်လွန်းတယ် ။။။။။


Wednesday, January 9, 2013

ဘဝမခြားပါ

အဖေ .... ဆီးချို ဆိုတဲ့ ရောဂါကြီးဖြစ်တော့ ..

အနာတရတွေရမှာဆိုးတာကြောင့် ဘာမှမလုပ်ခိုင်းခဲ့ဘူး

အဖေ့ ဝေရာဝစ္စ ခေါင်းမှခြေအဆုံး ကျနော် လုပ်ပေးခဲ့တယ်

တကယ်တန်းတော့ ဆီချိုရောဂါရှိပေမဲ့ အဖေ ဟာ အရမ်းဝလွန်းပါတယ်

အရမ်းဝတဲ့ အဖေ ကို ရေချိုးပေးရင်လဲ အရမ်းပင်ပန်းတယ်.. ဆေးခန်းသွားပို့ လဲ

အဖေ့ ကိုတွဲရတာအလွန်မောပန်းပါတယ် .. ဒါပေမဲ့ .. မငြီးငွေ့ မငြူစူခဲ့ဘူးပါဘူး

အဖေ ကိုပြုစုလုပ်ပေးနေရတာကျေနပ်နေခဲ့တယ်ပေါ့ ..

မိဘ ကိုပြုစာခဲ့တဲ့ရလာတ်ကတော့ အခုအချိန်မှာ .. ကျနော့ဘဝ အရာရာပြည့်စုံပါတယ်

သို့ သော် .....

ဆီချို ရောဂါအပြင်းအထန် ခံစားနေရတဲ့ အဖေ့ ကို ထမင်းစားတိုင်း

မတည့်တဲ့အစားအစာတွေ စားရင် .. လက်ကို အတင်းလိုက်ဆွဲ

လက်ထဲပါသွားတဲ့ သရက်သီးဆိုရင် .. လုပြီးလွှင့်ပြစ်ခဲ့တဲ့

အဖေ ... အဝါရောင်ရှိသောအသီး မစားရဘူး.. ထမင်းအချင့်အချိန်နဲ့ စားရမယ်

ကော်ဖီ မိုင်လို သကြားလုံးဝမထည့်ရဘူး.. သောက်ချင်ရင် ဆီးချိုသကြားနဲ့ သောက်

မုန့် စားရင်အချိုမပါတာစားရမယ် ... အဲ့လိုစည်းကမ်းချက်တွေ နဲ့ အဖေ့ ကို

ထားခဲ့တဲ့ ကျနော် .. အခုတော့ ..လေးဘက်နာနဲ့  ကလီစာတွေမတည့်ဘူး

သွိုင်းရွက် နဲ့ ဆီတွေ ဆားတွေမှားလို့ မရ စားလို့ မရဖြစ်ခဲ့ရတယ်

အဖေ့ ကို တားဆီးပိတ်ပင်ခဲ့သမျှတွေ ကျနော် ဘဝမခြားဘူး အဖေ

ကျနော် ဝဍ်တွေလည်နေပြီ .... နောက်ဘဝတောင်မကူးဘူး အဖေ ။။

Tuesday, December 11, 2012

ခဏတာ

လူဖြစ်ရတဲ့ .. ဒီဘဝ ဝယ်

ချစ်ခြင်း ၊ မုန်းခြင်း ၊ ဝေးခြင်း ၊ နီးခြင်း

မနာလိုခြင်း .. ဝန်တိုခြင်း ..

ခံစားသက်ဝင် ... ထိုဖြစ်အင်ရယ်

ပျော့ညံ့စိတ်တွင်း ပူးဝင်ကပ်လျှက်

နဂိုမူလ စိတ်ကောင်းတွေပင်

လွင့်စင်ပပျောက် .. စိတ်၏စေရာ

ရုပ်က ပါလျှက်ကပ်ငြိတွယ်ငင်

အစိုးမရ စိတ်ဆန္ဒနှင့် ထပ်တူကျစွာ

တုံ့ ပြန်မေတ္တာ ညစ်နွမ်းနွမ်း ကို

ကိုယ်လဲမကြိုက် မနှစ်သက်ဘဲ

စိတ်ကမပါ .. လက်စားခြေမှု့ တစ်ခုအတွက် နဲ့ 

ခြေပ တုန့် ပြန့်  .. နိမ်ကျလှတဲ့ စိတ်ဆန္ဒရယ်

အလည်ခဏ ရောက်လာ ဘဝ တွင်

အမုန်းရန်ငြိုး ရှေ့ ဆက်ပျိုးသော်

နောင်သော .. ဘဝ ပြန်ဆုံကြရင်

အဘယ် မျက်နှာ .. အဘယ်အပြုံး နဲ့ 

တွေ့ ကြ .. ဆုံကြ ၊ နှုတ်ဆက်ကြမည်နည်း ။။။။။။။

Thursday, November 15, 2012

မြေခ တဲ့ ပန်းခရေ

မြေ မှာ ဖွေးဖွေး ပန်ခရေ လေး ကို

ကျော်သူကျော် နင်းသူနင်း

အကြွေပန်းရယ်မို့  ဆံကေသာထက်

မဆင်မြန်းချင်နေပါတော့

မြေခ တဲ့ခရေ ဘဝ ကို

ထပ်ခါ..ထပ်ခါ နင်းခြေလို့ .. မသွားပါနဲ့ တော့

ခရေ နှမ မြေခရပေမဲ့

မွှေးဆဲ.. လှဆဲ .. လန်းဆန်း ဆဲ့ပါလို့  ။။။။။။။

Tuesday, November 13, 2012

ကျနော် ပြောချင်တဲ့ အဖေ အကြောင်း ၂

ဖေဖေ ဟာ တပ်မတော်သား ဘဝကနေ ..တပ်မတော် မှတ်တမ်းဌာန

ကိုပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲရတယ်..မှတ်တမ်းဌာန မှာ တာဝန်ထမ်းနေတဲ့အချိန်မှာလဲ

အင်မတန်ရိုးသာလွန်းလို့ အမျိုးသမီးအုပ်ချုပ်မှူ့ ဌာနမှာတာဝန်ကျခဲ့တယ်..

တပ်မတော်သည်ပါတီ ၊ ပါတီ နဲ့ တပ်မတော်

ခွဲခြားလို့ မရ .. ဆိုတာကြောင့် .. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရုံး မှာ .. ဌာနမှူးတစ်ယောက်

အနေနဲ့ လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကျနော့ အဖေ ...

နယ်မြို့  ပါတီယူနစ်တွေ ကိုတာဝန်အရ ခရီးတွေထွက်ခဲ့ရတဲ့ ကျနော့အဖေ...

ကျနော် သိသလောက် .. မုံရွာပါတီယူနစ် ဥက္ကဌ က ပုသိမ်ကြီး က မြေကွက် ပေးချင်လို့ 

ရထားစီးပြန်တော့မဲ့ ဖေဖေ ကို ဘူတာကြီး ထိလိုက်လာပြီး .. ဆရာကြီး ရယ်..

ဒီစာရွက်မှာလက်မှတ်ထိုးပေးပါ .. ဆရာကြီး အတွက်မြေကွက်ပေးချင်လို့ ပါလို့ ပြောတော့

ဖေဖေ ပြန်ပြောခဲ့တဲ့ စကား... ကျနော့ မှာနေစရာအိမ်ရှိနေပြီမို့  မလိုချင်တော့ပါဘူးဗျာ လို့ 

ပြောပြီး ပြန်ခဲ့တယ်တဲ့လေ... ဘာအခွင့် အရေးကိုမှ ဖေဖေ ဟာ ရယူခြင်းမရှိခဲ့ဘူးဘူး

မန္တလေး တိုင်းကောင်စီဥက္ကဌ ဖြစ်တဲ့ အန်ကယ် ဦးတင်လှ က အကိုကြီး တယ်လီဖုန်း

လျှောက်ပါ .. ကားလျှောက်ပါ လို့ တိုက်တွန်းခဲ့ပေမဲ့ .. ဘာကိုမှအရ မယူခဲ့ဘူးဘူး ..

ကျနော် .. အရွယ်ရောက်လာလို့  အလုပ်လုပ်ချင်တာကြောင့် .. အဖေ ရယ်... ဘယ်ရုံးမှာ

ဖေ့ဖေ့မိတ်ဆွေရှိတယ် သမီး ကိုပြောပေပါလား ပြောရင်.. သမီး ဘယ်သူ့  ကိုမှ အဖေ

မျက်နှာမပြချင်တော့ဘူးလို့ ပြောတတ်တယ်...

တကယ်ကို ရိုးသားတဲ့ ကျနော့ အဖေ တစ်ယောက်ပါ ...

ဆက်ရေးပါအုံးမယ်...

ကျနော် ပြောချင်တဲ့ အဖေ အကြောင်း

ရင်ခုန်သံချိုချို: ကျနော် ပြောချင်တဲ့ အဖေ အကြောင်း: ကျနော်အဖေ ဦးအုန်မောင် ကို စစ်ကိုင်းတိုင်း ၊ ဆင်တပ်ရွာ ( ကံတလူ ဘုရားဘေး လမ်းလေး ကဝင်ရတယ် ) ၊ က တောသားလေးပါ အဖေ့ ကို အဖိုး ဦးကြွယ် ( သ...

ခံစားချက်လေးတွေ ရှိခဲ့ရင်....