Snow Effect

Tuesday, November 13, 2012

ကျနော် ပြောချင်တဲ့ အဖေ အကြောင်း ၂

ဖေဖေ ဟာ တပ်မတော်သား ဘဝကနေ ..တပ်မတော် မှတ်တမ်းဌာန

ကိုပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲရတယ်..မှတ်တမ်းဌာန မှာ တာဝန်ထမ်းနေတဲ့အချိန်မှာလဲ

အင်မတန်ရိုးသာလွန်းလို့ အမျိုးသမီးအုပ်ချုပ်မှူ့ ဌာနမှာတာဝန်ကျခဲ့တယ်..

တပ်မတော်သည်ပါတီ ၊ ပါတီ နဲ့ တပ်မတော်

ခွဲခြားလို့ မရ .. ဆိုတာကြောင့် .. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရုံး မှာ .. ဌာနမှူးတစ်ယောက်

အနေနဲ့ လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကျနော့ အဖေ ...

နယ်မြို့  ပါတီယူနစ်တွေ ကိုတာဝန်အရ ခရီးတွေထွက်ခဲ့ရတဲ့ ကျနော့အဖေ...

ကျနော် သိသလောက် .. မုံရွာပါတီယူနစ် ဥက္ကဌ က ပုသိမ်ကြီး က မြေကွက် ပေးချင်လို့ 

ရထားစီးပြန်တော့မဲ့ ဖေဖေ ကို ဘူတာကြီး ထိလိုက်လာပြီး .. ဆရာကြီး ရယ်..

ဒီစာရွက်မှာလက်မှတ်ထိုးပေးပါ .. ဆရာကြီး အတွက်မြေကွက်ပေးချင်လို့ ပါလို့ ပြောတော့

ဖေဖေ ပြန်ပြောခဲ့တဲ့ စကား... ကျနော့ မှာနေစရာအိမ်ရှိနေပြီမို့  မလိုချင်တော့ပါဘူးဗျာ လို့ 

ပြောပြီး ပြန်ခဲ့တယ်တဲ့လေ... ဘာအခွင့် အရေးကိုမှ ဖေဖေ ဟာ ရယူခြင်းမရှိခဲ့ဘူးဘူး

မန္တလေး တိုင်းကောင်စီဥက္ကဌ ဖြစ်တဲ့ အန်ကယ် ဦးတင်လှ က အကိုကြီး တယ်လီဖုန်း

လျှောက်ပါ .. ကားလျှောက်ပါ လို့ တိုက်တွန်းခဲ့ပေမဲ့ .. ဘာကိုမှအရ မယူခဲ့ဘူးဘူး ..

ကျနော် .. အရွယ်ရောက်လာလို့  အလုပ်လုပ်ချင်တာကြောင့် .. အဖေ ရယ်... ဘယ်ရုံးမှာ

ဖေ့ဖေ့မိတ်ဆွေရှိတယ် သမီး ကိုပြောပေပါလား ပြောရင်.. သမီး ဘယ်သူ့  ကိုမှ အဖေ

မျက်နှာမပြချင်တော့ဘူးလို့ ပြောတတ်တယ်...

တကယ်ကို ရိုးသားတဲ့ ကျနော့ အဖေ တစ်ယောက်ပါ ...

ဆက်ရေးပါအုံးမယ်...

2 comments:

စံပယ်ချို said...

အဖေအကြောင်းလေးဖတ်ပြီးဖေဖေ့ကိုလွမ်းမိတယ်

mstint said...

ချိုချို့ဖေဖေအကြောင်း ဖတ်သွားပြီနော်။
လေးစားမှုတွေနဲ့အတူ တီတင့်ဖေဖေကိုလည်း
သတိရလွမ်းဆွတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်