အိပ်မပျော် တဲ့ ညတွေတိုင်း
ကောင်းကင်ကြီး ကိုမော်ကြည့်ရင်း
ကြယ်လေးတွေ ကို ရည်တွက်လို့ 
လွမ်းမျက်ရည်တွေ မျက်ဝန်းမှာစို့ ခဲ့ရပြီ
ဘယ်ဆီဝယ်မှန်းတမ်းတလို့ 
မရနိုင် တဲ့ ငါ့ လိုဘဝ ကို
ဟိုးဝေးဝေး က လှမ်းကြည့်နေတဲ့ လမင်းကြီး က
ရဲ့ ရဲ့ လေးပြုံပြီး သရော်သွားလေရဲ့ 
နင် လဲ ငါ့လို ဖေါ်ကွာဝေးလို့ 
ဆွေးနေ .. လွမ်းနေ အထီးကျန်နေရတယ်ပေါ့တဲ့
ချစ်သူရယ် .. အိပ်မပျော် တဲ့
ညနက်ရက် တွေရှည်လွန်းတယ် ။။။။။
4 comments:
လွမ်းစရာကဗျာလေး ခံစားသွားပါတယ် ။
ခံစားနားလည်ပေးတာ ကျေးဇူးပါ အကိုလွင်ပြင် ရေ ...
ခုမှပဲ ဘလော့ထဲပြန်ရောက်တော့တယ်နော်
ချစ်ကြီးကိုလွမ်းနေတဲ့အကြောင်းလေးခံစားဖတ်လျှက်
မဂျက်
မကြီးဂျက် ရေ ...
သတိရလျှက်ပါဘဲဗျာ
ချစ်တဲ့...ချို
Post a Comment