Snow Effect

Thursday, September 13, 2012

စိတ် လဲ အဓိက

အိမ်လည်သွားရင်း နာခဲ့ရတဲ့ တရားလေးပါ ..

သူများ အိမ်မှာစကားပြောရင်း နာခဲ့ရလို့  ဘာတရားဆိုတာတော့ မမေးခဲ့ရပါဘူး

ဒါပေမဲ့ .. မှတ်မိသလောက် ပြောပြချင်ပါတယ် .. တကယ်လို့  ခုပြောတဲ့ တရားလေး ကို သိရင်လဲ ပြန်ပြောပြပါနော်

သခြာစဉ်းစားရင် အရမ်းမှတ်သားစရာ ကောင်းပါတယ် ..

မန္တလေး က ဆရာတော် ဆိုတာတော့ မှတ်မိလိုက်ပါတယ် ..

ဆရာတော်ဟောတဲ့ တရားလေးထဲမှာ ပါတာကတော့ ..

သီလသမာဓိတွေကျင့်ကြံ နေတဲ့ ဘုန်းကြီးတစ်ပါး နဲ့  ပြည့်တန်ဆာမ အကြောင်းလေး ဟောထားတာပါ

သီလသမာဓိတွေ နဲ့ ရဟန်းကြီးတစ်ပါး နဲ့  ကပ်လျှက်မှာရှိတဲ့ ပြည့်တန်ဆာမ အိမ်ရှိသတဲ့

အဲ့ဒီ.. ရဟန်းကြီး ဟာ တစ်ရက်တော့ စင်္ကြန်လျှောက်ရင်း အိမ်ခြင်းကပ်ရက် က ပြည့်တန်ဆာမ အိမ်ကို မျက်လုံးေ၇ာက်သွားသတဲ့ ...

သူ့ စိတ်ထဲ တစ်နေ့ ..တစ်နေ့ လာလိုက်ကြတဲ့ လူတွေပေါ့

အဲ့ဒါကို .. ရဟန်းကြီး က နောက်ရက်တွေ ကစလို့  ပြည့်တန်ဆာမအိမ် လူဘယ်လောက်ဝင်တယ်သိရအောင် လောက်စလုံးလေးတွေ နဲ့ 

စင်္ကြန်လျှောက်ရင်း မှတ်သတဲ့

အဲ့လို နဲ့  မှတ်လာလိုတာ .. ရက်တွေ တော်တော်ကြာခဲ့ပြီး .. ရဟန်းကြီး မှာ ပျံလွန်တော်မူသတဲ့ ..

အဲလိုဘဲ တစ်နေ့ မှာ ပြည့်တန်ဆာမ လဲ ဝေဒနာ တစ်ခု နဲ့  သေသွားသတဲ့

တရားတွေကျင့်ကြံတဲ့ ရဟန်းကြီး မှာ တစ်နေ့ ..တစ်နေ့  တရားဖက် ကို စိတ်ကမရောက် ပြည့်တန်ဆာမအိမ် ဘဲ ရောက်နေတဲ့

စိတ်ကြောင့် .. ငရဲပြည် ကိုရောက်သတဲ့

ပိုက်ဆံမရှိလို့ သာ ပြည့်တန်ဆာအလုပ်ကိုလုပ်နေရပေမဲ့

ပြည့်တန်ဆာမ ရဲ့ စိတ်ထဲ တရာတွေ မှတ်ခဲ့ ရှိခဲလို့ ထင်ပါရဲ့ .. ပြည့်တန်ဆာမ သေတော့ နတ်ပြည်ရောက်သတဲ့လေ..

ချို .. အဲ့ဒီတရား နာခဲ့ရလို့  သိလိုက်ရတာကတော့..

လူတွေ ဟာ .. ကိုယ် စိတ်တည်ငြိမ် တည့်မတ်ဖို့ ဘဲ လိုပါလိမ့်မယ်.. သူများ ဘာလုပ်လုပ် လက်ညှိုးထိုးပြောနေစရာလိုမယ်မထင

ပါဘူး ... အချိန်တန်ရင် .. သူ့  လမ်းသူသွားကြရတာပါ

မကောင်းတဲ့စိတ်ထားရင် မကောင်းတာဖြစ်မယ် .. ကောင်းတဲ့ စိတ်ထားလိုက်ရင် ကောင်းတာဖြစ်မယ်ဆိုတာ ရဟန်ကြီး နဲ့ ပြည့်တန်ဆာမ

ကို သာဓက ယူပြီး

သူတစ်ပါးကို လက်ညှိုးမထိုးပါနဲ့  ထိုးလိုက်တဲ့ တစ်ချောင်းတည်းသော လက်ညှိုး ဟာ ကိုယ့်ဘက် ဘယ်လောက်ပြန်လာတယ်ဆိုတာ

သိရင်ဖြင့် ..

တိုတောင်းလှတဲ့ လူ့ လောကထဲမှာ ... ကိုယ့်ကိုယ် ဘဲ ပြုပြင်တာကောင်းလိမ့်မယ်လို့  ...

သိသလောက် မျှတာပါ.. အမှားပါရင်ပြုပြင်ပေးပါနော်



2 comments:

စံပယ်ချို said...

ငယ်ငယ်ကအဖွားပြောပြဖူးတဲ့ပုံပြင်လေးနဲ့ခပ်ဆင်ဆင်ပဲ
တရားသမားနဲ့ ပြည့်တန်ဆာမတစ်ယောက်အကြောင်းပေါ့
သေပြီးချိန်ကျတော့ တရားသမားက ငရဲရောက်သွားတယ်
မေ့နေတာလေး ဒီပိုစ့်ဖတ်ပြီးသတိပြန်ရလိုက်တယ်
ကျေးဇူးပါ ချို

cho cho chit said...

မစံပယ် ရေ ... ချို လဲ သိတာလေး ပြန်မျှဝေတဲ့ သဘောပါ .. အားပေးတာ ကျေးဇူးပါနော် ။။