မင်း ပေးခဲ့တဲ့ ဒဏ်ရာတွေ
သက်သာရာ ရဖို့  ...
ကုစားလို့ ရမဲ့ ဆေးလိုတယ်
မင်း နေရာ အစားထိုး
ဖြေသိမ့်ရမယ့် ဖြေဆေး
ငါ ... မလိုချင်ဘူး
မင်း ကို တမ်းတတာတွေ
ပြေစေဖို့ အတွက် ပြေဆေး
ငါ .. မလိုအပ်ဘူး
လိုချင်တာ .. လိုအပ်တာ
တစ်ခုထဲပါ ချစ်သူ
မင်း .. ထားခဲ့တဲ့ နေရာလေးမှာ
ဖြေလို့  မပြေ နိုင်တဲ့
အလွမ်းတွေ ခံစားချက်တွေ နဲ့ 
မင်း ... ပြန်လာမဲ့အချိန်
နေရာဟောင်းလေးကနေ
နေ့ စဉ်ရက်ဆက်.....
မျှော်လင့်ကာ စောင့်ကြိုရင်း
တသက်တာမခွဲအတူ
ချစ်ခြင်တယ် .. ချစ်သူ ရယ် ။။။။
4 comments:
ရင်တွင်းဆန္ဒအကောင်အထည်မပေါ်ခဲ့ရင် လက်ရှိအနေအထားကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပါ ချိုချိုရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တီတင့် ... ချို့  ကိုအားပေးတာကျေးဇူးပါ တီတင့် ။
ချို ကြိုးစာနေပါတယ် ။။။
ရင်ခုန်သံ ချိုချိုလေးတွေလာရောက်ခံစားရင်းနဲ့
ချစ်သူနဲ့ တသက်တာမခွဲပဲ
တူတူလျှောက်လှမ်းနိုင်ပါစေလို့
ကဗျာလေးခံစားပုံဖော်ကြည့်နေမိတယ်
မစံပယ်ချို ... အားပေးတာ ကျေးဇူးတင်ပါတယ် ။။
Post a Comment