Snow Effect

Tuesday, October 9, 2012

မစားသင့် တဲ့ အချိုမှုန့် 

ရှေးလူကြီးတွေ ..တစ်ခါတစ်ရံ စကားပြောရတာ အရမ်းခက်ပါတယ်

ကျွန်တော် ဟာ အဖွါးလက်ပေါ်ကြီးပြင်းရတဲ့ သူတစ်ယောက်ပါ

အဖွါး က ရှေးဆန်တယ် .. သူ့ အယူအဆ နဲ့ သူ ၊ တဇွတ်ထိုးလဲလုပ်တတ်သူလို့  ထင်မိတယ်

ကျွန်တော် .. နားလည်သိတတ် တဲ့ အရွယ် ရောက်တော့ ...

မှတ်မှတ်ရရ ၁၀ တန်းအောင်တဲ့နှစ်မှာ ...

အဖွါး .. အချိုမှုန့် တွေ သိပ်မစားပါနဲ့ လို့  ပြောရင် ...

အတင်းခေါင်းခါပြီး .. ငြင်းပါတော့တယ်..

အဖွါး ပြောနေကြ စကားလေး တစ်ခွန်း.. မှတ်မိနေပါသေးတယ်

အချိုမှုန့် စားပြီး .. နင့်အမေ ကိုမွေးတာ နင့်အမေ ရှေးခောတ် ၁၀တန်း

အောင်သတဲ့လေ.... အဲ့လိုဘဲ ...

အချိုမှုန့် တွေစားပြီးမွေးတဲ့ နင့်အမေ ကနေ နင့်ကိုမွေးတာ

နင် ၁၀တန်းအောင်တော့ ဂုဏ်ထူး ၃ ခု ၄ ခု နဲ့  အောင်တယ်လေ တဲ့..

ကျွန်တော် အဖွါး ကို အဲ့တုံးက ပြန်ပြောမိတဲ့ စကား က ....

အဖွါး နဲ့  အမေ အချို မှုန့် သာ မစား ခဲ့ ရင် ကျွန်တော် All D ထွက်မှာ သေခြာတယ်လို့ 

ပြန်ပြောခဲ့ဘူးတယ် ...

အချိုမှုန့် ကြောင့် ...ကြောက်စရာကောင်း တဲ့ ရောဂါ တစ်ခု ဖြစ်တတ်တယ်ဆိုတာ

ဟိုးတုန်းထဲက သိခဲ့ရင် .... အဖိုး  အဖွါး  ဖေဖေ တို့  အသက်တွေ ရှည်ကြမှာဘဲလို့ 

ကျွန်တော်တွေး မိတာကြောင့် .... အချို မှုန့် ရဲ့  ကြောက်စရာကောင်းတဲ့

ဆိုးကျိုးတွေ ကို သိသလောက် တတ်သလောက် နားလည်သလောက် မျှဝေ

လက်ဆင့်ကမ်းနှိုင်ရင်ဖြင့် ......

ကျွန်တော် လက်တွေ ခံစားရတဲ့ အချိုမှုန့် ရဲ့  ဆိုးကြိုးကတော့

အိမ်မှာ ..ဟင်းမချက်ဖြစ်လို့  အပြင်စာစားတဲ့ နေ့ ဆိုရင်

အချိုမှုန့် အများကြီးပါတဲ့ အစားအစာစားမိရင်... လူ တစ်ကိုယ်လုံး ထုံလာတယ်..

ကြက်သီးတွေထလာတတ်တယ် .. ကျွန်တော့ စိတ်ထင်တော့

ကျွန်တော့ခန္ဒာကိုယ် က အချိုမှုန့် မစားတာကြာတော့ အချိုမှုန့် ရဲ့ ဒဏ် ကို မခံနိုင်တော့တာ

ထင်ပါတယ်... အကောင်းဆုံးကတော့ ..

အချိုမှုန့်  ရဲ့  ဆိုးကြိုးတွေကိုလေ့လာမှတ်သားပြီး

အချိုမှုန့် အစား တခြား ဖြည့်စွပ်အစာတစ်ခုခု ကို အသုံးပြုပါလို့ 

ကျွန်တော့  သိသလောက် တတ်သလောက် ...

နိုးဆော် အကြံပေးချင်ပါတယ်ခင်ဗျာ ...

အချိုမှုန့် အန္တရာယ် ကြိုတင်ကာကွယ်နိုင်ကြပါစေ ....


Thursday, October 4, 2012

ခံနိုင်ရည်ဆိုတာ

တစ်ခါတုံး က .. အလွန်ချမ်းသာ တဲ့  သူဌေးကြီး က လူတွေအကြောင်းသိချင်တာနဲ့  

သူ့ ကိုယ်သူ သူဆင်းရဲသားဟန်ဆောင်ပြီး

 အလှူ တစ်ခု မှာဝင်စားတယ်တဲ့ ....

အလှူရှင်တွေက ဂုဏ်ရှိသူ ဝတ်ကောင်းစားလှတွေဝတ်ဆင်လာသူတွေကို

လှိုက်လှိုက်လှဲလှဲကြိုဆိုသတဲ့..

သူဌေးကြီး ကိုတော့ သူဆင်းရဲသားထင်ပြီး အလှူအဝင်ဝကနေမောင်းထုပ်သတဲ့..

သူဌေးကြီးလဲ ဒေါသတွေဖြစ်ပြီး 

အိမ်ပြန် လာပြီး ဝတ်ကောင်းစားလှတွေဝတ်ပြီးသွားပြန်သတဲ့..

အဲ့လိုလာတဲ့ သူဌေးကြီးကိုလဲတွေ့ ရော.

ကြွပါ..ကြွပါ သူဌေးမင်း ကြွပါနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုကြသတဲ့ 

သူဌေးကြီး က စားပွဲဝိုင်းလဲရောက်ရော ဧည့် ခံ တဲ့စားဇွယ်စုံတွေကို 

သူဝတ်လာတဲ့တောင်ရှည်ပုဆိုးထဲသွန်ထည့် လိုက်တယ်..

အလှူ့ ရှင်တွေ က အံ့အော တကြီးမေးကြတယ် 

ဘာလို့ အဲ့လိုလုပ်တာလဲ သူဌေးမင်း တဲ့ ..

သူဌေးကြီး ပြန်ဖြေလိုက်တာ က ...

ခင်ဗျားတို့ က လူကိုကျွေးတာမှမဟုတ်တာ

ဝတ်ကောင်းစာလှတွေဝတ် .. ဂုဏ်ပကာသနဖိတ်ဖိတ်တောက်နေတဲ့

သူတွေကိုမှ .. မင်းတို့  ကျွေးချင်မွေးချင်ဧည့်ခံချင်ကြတာကိုး

အဲဒီတော့ .. လူ ကိုမကျွေးတဲ့ အစားအစာ လူ ကစားစရာမလိုဘူးလေ

ဒီ .. ဂုဏ်  ပကာသန ..ချမ်းသာကြွယ်ဝမှူ့ တွေ ကို

ရှေ့ တန်းတင် .. ကြွေးချင်နေတာဆိုတော့ .. သူတို့ စားတာ

မင်းတို့  .. ကျေနပ်ရမှာပေါ့တဲ့ ... 

သဘာဝ ပတ်ဝန်းကျင်မှာတောင် ..

အလင်း နဲ့ အမှောင် ။ အချို နဲ့ အခါး

အပျော် နဲ့ အငို ။ အချစ် နဲ့ အမုန်းဆိုတာတွေ

ရှိတတ်ကြတာမို့  .... 

အတက် နဲ့  အကျ ဆိုတာလေး ကို

ခံနိုင်ရည်..ရှိအောင်ကြိုတင်ပြင်ဆင်ဖို့  လိုနေပါအုံးမယ် ။။။