Snow Effect

Sunday, September 23, 2012

သူ့  အတွက် သာ

အချစ် ဆိုတာ ပေးဆပ်မှူ့ လို့ 
         ဆိုရင် ....
ငါပေးဆပ်မှူ့ တိုင်း သူ့ အတွက်

အချစ် ဟာ ကြိုး တစ်ချောင်းလို့ 
         ဆိုရင် ....
ငါ့ ကိုယ်မှာ ရစ်ပတ်ချည်နှောင်မှူ့ တိုင်း သူ့ အတွက်

အချစ်ဆိုတာ နွေးထွေမှူ့ လို့ 
         ဆိုရင် ....
ငါ့ ရင်ပူနွေး မှူ့ တိုင်း သူ့  အတွက်

အချစ်ဆိုတာ သာယာအေးချမ်းမှူ့ လို့ 
         ဆိုရင် ...
ငါ့ ပျော်ရွှင်မှူ့ တိုင်း သူ့ အတွက်

အချစ်ဆိုတာ ခံနိုင်ရည်အင်အားတစ်ခု
         ဆိုရင် ..
ငါတွေ့ ကြုံသမျှတွေဖြေရှင်းလိုက်နိုင်တာ သူ့ အတွက်

တကယ်တမ်းတော့ အချစ် ဆိုတာ

ခံစားနားလည် ပေးဆပ်ရယူ 

ညီတူညီမျှရှိနေသမျှတော့

သာယာသောလမ်း ....

 အေးချမ်းသော အရိပ်..

နွေးထွေးသောမေတ္တာ ..

အစဉ်ထာဝရ ပိုင်ဆိုင်နိုင်မှာ

မလွဲဘူး .. သေခြာ

ရယူ ပေးဆပ်ရင်း နဲ့ 

အစဉ်ထာဝရ ......

ပျော်နေအုံးမယ် ... မင်း ရဲ့ ရင်ခွင် ကမ္ဘာ  ။။။။။။





Thursday, September 13, 2012

မျှော် ရင်း ပျော်

ပြန်ဆုံး မဲ့  ရက် တွေးရင်း နဲ့ ပျော်..

ငေးရင် နဲ့ လဲ မျှော်ရပြီ ...

တွေ့ တော့ မှ ပြောကြမည်

ချစ်သူ ကို လွမ်းရကြောင်း

စာ ကဗျာတွေ သီကာ မဖွဲတော့ဘူး

တူနှစ်ကိုယ် ယှဉ်ကာတွဲလို့ 

ချစ်တယ် ဆိုတဲ့ .. ချစ်တဲ့ အကြောင်း ......

စိတ် လဲ အဓိက

အိမ်လည်သွားရင်း နာခဲ့ရတဲ့ တရားလေးပါ ..

သူများ အိမ်မှာစကားပြောရင်း နာခဲ့ရလို့  ဘာတရားဆိုတာတော့ မမေးခဲ့ရပါဘူး

ဒါပေမဲ့ .. မှတ်မိသလောက် ပြောပြချင်ပါတယ် .. တကယ်လို့  ခုပြောတဲ့ တရားလေး ကို သိရင်လဲ ပြန်ပြောပြပါနော်

သခြာစဉ်းစားရင် အရမ်းမှတ်သားစရာ ကောင်းပါတယ် ..

မန္တလေး က ဆရာတော် ဆိုတာတော့ မှတ်မိလိုက်ပါတယ် ..

ဆရာတော်ဟောတဲ့ တရားလေးထဲမှာ ပါတာကတော့ ..

သီလသမာဓိတွေကျင့်ကြံ နေတဲ့ ဘုန်းကြီးတစ်ပါး နဲ့  ပြည့်တန်ဆာမ အကြောင်းလေး ဟောထားတာပါ

သီလသမာဓိတွေ နဲ့ ရဟန်းကြီးတစ်ပါး နဲ့  ကပ်လျှက်မှာရှိတဲ့ ပြည့်တန်ဆာမ အိမ်ရှိသတဲ့

အဲ့ဒီ.. ရဟန်းကြီး ဟာ တစ်ရက်တော့ စင်္ကြန်လျှောက်ရင်း အိမ်ခြင်းကပ်ရက် က ပြည့်တန်ဆာမ အိမ်ကို မျက်လုံးေ၇ာက်သွားသတဲ့ ...

သူ့ စိတ်ထဲ တစ်နေ့ ..တစ်နေ့ လာလိုက်ကြတဲ့ လူတွေပေါ့

အဲ့ဒါကို .. ရဟန်းကြီး က နောက်ရက်တွေ ကစလို့  ပြည့်တန်ဆာမအိမ် လူဘယ်လောက်ဝင်တယ်သိရအောင် လောက်စလုံးလေးတွေ နဲ့ 

စင်္ကြန်လျှောက်ရင်း မှတ်သတဲ့

အဲ့လို နဲ့  မှတ်လာလိုတာ .. ရက်တွေ တော်တော်ကြာခဲ့ပြီး .. ရဟန်းကြီး မှာ ပျံလွန်တော်မူသတဲ့ ..

အဲလိုဘဲ တစ်နေ့ မှာ ပြည့်တန်ဆာမ လဲ ဝေဒနာ တစ်ခု နဲ့  သေသွားသတဲ့

တရားတွေကျင့်ကြံတဲ့ ရဟန်းကြီး မှာ တစ်နေ့ ..တစ်နေ့  တရားဖက် ကို စိတ်ကမရောက် ပြည့်တန်ဆာမအိမ် ဘဲ ရောက်နေတဲ့

စိတ်ကြောင့် .. ငရဲပြည် ကိုရောက်သတဲ့

ပိုက်ဆံမရှိလို့ သာ ပြည့်တန်ဆာအလုပ်ကိုလုပ်နေရပေမဲ့

ပြည့်တန်ဆာမ ရဲ့ စိတ်ထဲ တရာတွေ မှတ်ခဲ့ ရှိခဲလို့ ထင်ပါရဲ့ .. ပြည့်တန်ဆာမ သေတော့ နတ်ပြည်ရောက်သတဲ့လေ..

ချို .. အဲ့ဒီတရား နာခဲ့ရလို့  သိလိုက်ရတာကတော့..

လူတွေ ဟာ .. ကိုယ် စိတ်တည်ငြိမ် တည့်မတ်ဖို့ ဘဲ လိုပါလိမ့်မယ်.. သူများ ဘာလုပ်လုပ် လက်ညှိုးထိုးပြောနေစရာလိုမယ်မထင

ပါဘူး ... အချိန်တန်ရင် .. သူ့  လမ်းသူသွားကြရတာပါ

မကောင်းတဲ့စိတ်ထားရင် မကောင်းတာဖြစ်မယ် .. ကောင်းတဲ့ စိတ်ထားလိုက်ရင် ကောင်းတာဖြစ်မယ်ဆိုတာ ရဟန်ကြီး နဲ့ ပြည့်တန်ဆာမ

ကို သာဓက ယူပြီး

သူတစ်ပါးကို လက်ညှိုးမထိုးပါနဲ့  ထိုးလိုက်တဲ့ တစ်ချောင်းတည်းသော လက်ညှိုး ဟာ ကိုယ့်ဘက် ဘယ်လောက်ပြန်လာတယ်ဆိုတာ

သိရင်ဖြင့် ..

တိုတောင်းလှတဲ့ လူ့ လောကထဲမှာ ... ကိုယ့်ကိုယ် ဘဲ ပြုပြင်တာကောင်းလိမ့်မယ်လို့  ...

သိသလောက် မျှတာပါ.. အမှားပါရင်ပြုပြင်ပေးပါနော်



Monday, September 10, 2012

ခဏတာဘဲဖြစ်လိမ့်မယ်


သူတစ်ပါး ကို နင်းပြီ .. တက်လိုက်ရလို့ 

အပေါ်ရောက်သွားတာကို ပျော်မနေပါနဲ့ 

ခဏတာပျော်ရွှင်မှူ့ ဘဲဖြစ်လိမ့်မယ်


ကံမကောင်း အကြောင်းမလှလို့ 

ကိုယ် .. အနင်းခံဘဝရောက်ခဲ့ရင်

နှစ်ဆ မက ပြန်ခံစားရတတ်တယ်

သူ့ ဘက် ကိုယ့်ဘက် မျှတမှူ့ ရှိရင်တော့

လောကကြီး က သာယာမှာ ။။။။

မှတ်တိုင်

ခရီးလမ်းအစ

ဆူးခင်းလမ်းလဲလျှောက်ဘူးတယ်

ပန်းခင်းလမ်းလဲကြုံဘူးတယ်

အခက်အခဲ ကြမ်းတမ်းတဲ့

လမ်းလျှောက်စဉ်ကလဲ

ယိုင်နဲ့ နဲ့ လှမ်းလာနေတဲ့

ခြေလှမ်းတွေ နဲ့  လူတစ်ယောက်ကို

လက်ကမ်းလို့  လှမ်းကူမဲ့သူလဲရှိ

လက်ပေးလို့ တွန်းလှဲမဲ့သူ နဲ့ လဲကြုံခဲ့ရတယ်

လှမ်းလာနေတဲ့ခြေလှမ်းတွေကို

ပြုပြင်လို့ နည်းလမ်းပေးသူလဲရှိ

လဲကျသွားစေဖို့ ခြေထိုးခံတဲ့သူနဲ့ လဲဆုံခဲ့ရတယ်

ချောမွေ့ တဲ့လမ်းကိုလှမ်မြင်ရအောင်

ဖြောင့်ဖြူးတဲ့လမ်းကိုညွှန်ပြသူနဲ့ လဲတွေ့ ခဲ့ဘူးတယ်

အကွေ့ အကောက်တွေ နဲ့ 

အမြင်တွေဝေဝါးသွားအောင်

မျက်စိလှည့်ထားခဲ့တဲ့သူကိုလဲ မြင်ဘူးခဲ့တယ်

ကြုံ ဆုံ တွေ့  မြင် သမျှတွေကို

မှတ်သားသင်ယူလို့ 

လဲ ရာက ထ ... ကျ ရာက တက်

တွေ့ ကြုံလာသမျှ .. အဆင်ပြေခြင်း မပြေခြင်း

လောကဓံ မှန်သမျှကို

မငြိုငြင် ပြုံပြုံကြီး ရင်ဆိုင်

ရဲရဲဝင့်ဝင့်လှမ်းလျှောက် လို့ 

မဝေးတာ့တဲ့ .......

အောင်မြင်တဲ့ ပန်းတိုင် လှမ်းမြင်နေရပြီ

ယုံကြည်ချက်ခိုင်ခိုင်မာမာ နဲ့ 

ရှေ့ ဆက်လျှောက်လိုက်ရင်ဖြင့်

ပန်းတိုင် ဆိုတဲ့ မှတ်တိုင်တစ်ခု


စိုက်ထူနိုင်တော့မယ် ။။။။။



Thursday, September 6, 2012

သူငယ်ချင်း .. သို့ 

သူငယ်ချင်း လက်ကိုလက်ခြင်း မြဲမြဲတွဲကြဖို့ 

တစ်ယောက်စိတ်တစ်ယောက် နားလည်

တစ်ယောက်သဘောတစ်ယောက် သိပြီး

ဟန်ဆောင်မှူ့ ကင်းရမယ်.. ကောက်ကျစ်မှူ့ မပါရဘူး

ပွင့်လင်းရိုးသားရမယ်

ပေးလိုက်တဲ့ အဖြူ ကို အရောင်မဆိုးရဘူး

တစ်ယောက်တည်း စိတ်တစ်ခုတောင်

ခဏ..ခဏ အလိုမကျနေတာ

နှစ်ယောက် နှစ်စိတ်

ရည်ရှည်ခိုင်မြဲဖို့ ဆိုရင်တော့

မင်းစိတ် .. ငါ့ စိတ်

ရိုးသားဖို့ အများကြီးလိုအပ်တယ်..

အဖြူ က အရမ်းတန်ဖိုးကြီးပါတယ်

အဲ့ဒီ .... အဖြူ ပေါ်မှာ

မင်း နဲ့ ငါ ... အစက်ကလေး တစ်စက်တောင်

မစွန်းထင်းမိပါစေနဲ့  ။။။။

( သူငယ်ချင်းချစ်ခင်မင်မှူ့ တွေ ထာဝရ တည်တံ့ပါစေ )